မင်္ဂလာပါနော်။ နေရောင်ခြည်ထိတွေ့မှုကြောင့် အသားအရေမပျက်စီးစေဖို့ Sunscreen လိမ်းပေးဖို့လိုပါတယ်။

မိတ်ကပ်လိမ်းတဲ့အခါမှာ တချို့ Sunscreen ကို ဘယ်အဆင့်မှာလိမ်းရမလဲဆိုတာ သိပ်ပြီးမသဲကွဲကြပါဘူး။

ဒါ့ကြောင့် ဒီတခါမှာတော့ ဘယ်လိုအဆင့်မှာ Sunscreen ကို လိမ်းပေးရမလဲဆိုတာ မျှဝေပေးပါမယ်။

၁။ အရင်ဆုံး ဘာမှမလိမ်းခင် မျက်နှာကို သေချာသန့်စင်ပေးပါ။ မျက်နှာသေချာသစ်ပေးသင့်ပါတယ်။ ပြီးရင်တော့ ခြောက်အောင်သုတ်ပေးလိုက်ပါ။ ပြီးရင်တိုနာလိမ်းပေးလိုက်ပါ။

၂။ Sunscreen လိမ်းပေးလိုက်ပါ။ သင့်ရဲ့ မျက်နှာနဲ့လည်ပင်းတွေမှာ အနှံ့လိမ်းပေးလိုက်ပါ။ သင့်ရဲ့ Moisturizer မှာ Sunscreen ပါပြီးသားဆိုရင်တော့ Sunscreen ကို သီးသန့်ထပ်လိမ်းပေးစရာမလိုပါဘူး။

၃။ Primer လိမ်းပြီး မိတ်ကပ်စလိမ်းနိုင်ပါပြီ။ ပြီးရင် ဖောင်ဒေးရှင်းလိမ်းပေးလိုက်ပါ။

၄။ ပြီးရင် ကျန်တဲ့အပိုင်းလေးတွေ ဆက်သွားပေးနိုင်ပါပြီ။ Setting Powder သုံးတာ၊ ပါးနီလိမ်းတာ၊ မျက်ခုံးမွှေးဆွဲတာတွေ လုပ်နိုင်ပါပြီနော်။

Photo:www.stylecraze.com

www.pinterest.com