ဇွန်းတစ်ချောင်းဟာ ပျိုမေတို့ရဲ့အလှအပရေးရာအဖြာဖြာအတွက် ဘက်စုံအသုံးဝင်နေတယ်ဆိုတာကို သိပြီးကြပြီလား။ ဇွန်းဆိုတာ စားသောက်တဲ့နေရာမှာပဲအသုံးဝင်တယ်လို့ထင်ထားတာကို အခုလိုအလှအပရေးရာအတွက်ပါ အများကြီးအသုံးဝင်နေတယ်ဆိုတော့ တကယ်ကိုအံ့သြစရာပါပဲ။ ဒါကြောင့် ပရိသတ်တွေလည်းသိရအောင် မျှဝေပေးလိုက်ပါတယ်။

မျက်အိတ်ဖောင်းလို့စိတ်ညစ်နေတဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ဇွန်းတစ်ချောင်းက မျက်အိတ်ဖောင်းနေတာတွေကို လျော့ကျပြီးသက်သာစေဖို့ အရမ်းအထောက်အကူပြုပါတယ်။ ရေခဲအကြေတွေထည့်ထားတဲ့ခွက်ထဲကို ဇွန်းထည့်လိုက်ရင်တော့ ဇွန်းမှာရေခဲလေးတွေက ကပ်ပါလာမှာပါ။ ဇွန်းမှာကပ်နေတဲ့ရေခဲလေးတွေ အရည်ပျော်ကျသွားပြီဆိုရင်တော့ ဇွန်းကိုကိုင်ပြီး မျက်လုံးအောက်ကမျက်အိတ်ဖောင်းနေတဲ့နေရာလေးမှာ ကပ်ပေးရပါမယ်။

Source: www.wembleyclinic.co.za

ပျိုမေတို့ Eye Liner ဆိုးတဲ့အခါမှာလည်းကောင်းကောင်းမဆိုးတတ်ဘူးဆိုရင်တော့ သပ်သပ်ရပ်ရပ်နဲ့လှလှလေးဖြစ်နေစေဖို့ ဇွန်းကိုအသုံးပြုပြီး ဆိုးပေးလို့ရပါတယ်။

Source: www.cosmopolitan.com

မျက်တောင်ကော့တဲ့အခါမှာလည်း ဇွန်းကိုအသုံးပြုပေးရင် မျက်တောင်ကပိုကော့ပါတယ်။ မျက်တောင်ကိုဇွန်းနဲ့အရင်ကော့ပေးပြီးမှ Mascara နဲ့ကော့ပါ။ Mascara နဲ့ကော့တဲ့အခါမှာလည်း မျက်ခွံတွေမပေအောင် ဇွန်းနဲ့ခံပြီးကော့ပေးလို့ရပါတယ်။

Source: www.cosmopolitan.com

မိတ်ကပ်ပြင်တဲ့အခါမှာ Contour မလုပ်တတ်တဲ့သူတွေအများကြီးရှိပါတယ်။ ဒီလိုလူတွေအတွက်တော့ ဇွန်းတစ်ချောင်းက အရမ်းကိုအသုံးဝင်စေမှာပါ။ ဒါကြောင့် မျက်နှာကို Contour လုပ်တဲ့အခါမှာ ဇွန်းကိုသုံးပြီးလုပ်ပေးမယ်ဆိုရင်တော့ လုပ်ရတာလည်းအဆင်ပြေပြီး လှလှလေးဖြစ်နေမှာပါ။

Source: www.cosmopolitan.com

ခံတွင်းအနံ့ဆိုးနံတာက အရမ်းကိုရှက်ဖို့ကောင်းပါတယ်။ ဒီလိုခံတွင်းအနံ့ဆိုးနံနေပြီဆိုရင်တော့ ဇွန်းတစ်ချောင်းကိုသာပြေးယူလိုက်ပါ။ လျှာကိုထုတ်ပြီး ဇွန်းနဲ့ခြစ်ပေးတာဟာ ခံတွင်းအနံ့ဆိုးတွေကို သက်သာပျောက်ကင်းစေပါတယ်။

Source: www.body&breathreport.com

Featured Image Source: Pinterest