တော်တော်များများက pumice stone ကိုသုံးရင် ခြေထောက်တိုက်တဲ့ ကျောက်တုံးဆိုပြီး ရေချိုးတာနဲ့ တန်းတိုက်ကြတာပါပဲ။ ခြေထောက်ကို တန်းပြီးတိုက်တာမျိုးမလုပ်ပဲ သေချာအဆင့်ဆင့် လုပ်ပေးမယ်ဆိုရင် spa မှာ ခြေထောက် cleansing လုပ်ရသလို ခံစားမှုမျိုးရစေပါတယ်။ ဒါကြောင့် ခြေဖနောင့်ကွဲတာသက်သာပြီး ခြေထောက်အသားအရေ ခြောက်သွေ့တာပါ သက်သာလာစေဖို့အတွက် pumice stone ကို သေချာသုံးပြုရမယ့် နည်းလမ်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
Step 1
ခြေထောက်ထည့်စိမ်မယ့်ဇလုံထဲကို ရေနွေးထည့်ပါ။ ပြီးရင် ဆပ်ပြာ (သို့) ခေါင်းလျှော်ရည်ထည့်ပြီး essential oil နှစ်စက်လောက်ထည့်ပေးပါ။ ဒါကတော့ ခြေထောက်အသားအရေ နူးညံ့စေပြီး spa သွားရသလိုခံစားမှုမျိုး ရစေပါတယ်။
Step 2
ကိုယ့်ထည့်ထားတဲ့ရေနွေးက ကိုယ်အပူခံနိုင်တဲ့ အနေအထားလောက်ရောက်ပြီဆိုရင် ခြေထောက်ထည့်စိမ်ထားလိုက်ရုံပါပဲ။ ၁၀ မိနစ်စိမ်ထားပေးပါ။
Step 3
ခြေထောက်စိမ်ထားတဲ့အချိန်မှာပဲ pumice stone ကိုလည်း ရေနွေးထဲထည့်စိမ်ထားပေးပါ။ pumice stone ကို ရေနွေးမစိမ်ပဲ ဒီတိုင်းမသုံးပါနဲ့။ ရေနွေးစိမ်ပြီးသုံးတာက ပိုတိုက်လို့ကောင်းသလို injury တွေလည်း လျော့သွားစေပါတယ်။
Step 4
ခြေထောက်စိမ်ထားတာလည်း အချိန်ပြည့်ပြီဆိုရင် ခြေဖနောင့်နဲ့ ခြေဖဝါးကို pumice stone နဲ့ ဖြေးဖြေးချင်းစီတိုက်ပေးပါ။ ခြေမဘေးကို circular motion နဲ့ ၅ မိနစ်လောက်တိုက်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက အသားခြောက်တာသက်သာပြီး ခြေဖနောင့်ကွဲတာ သက်သာလာပါတယ်။ အသားအရေလည်းနူးညံ့လာပါတယ်။
Step 5
နောက်ဆုံးမှာတော့ ခြေထောက်ကို ရေကြက်သီးနွေးနဲ့ပဲ ဆေးချပေးပါ။ ပြီးရင်တော့ ခြောက်အောင်ထားပြီး moisturizer (သို့) body lotion သေချာပြန်လိမ်းပြီး massage လုပ်နှိပ်နယ်ပေးပါ။