အာလူးကို အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အမျိုးမျိုးအသုံးပြုလို့ရပါတယ်။ အာလူးကြိုက်တဲ့သူတွေအတွက်တော့ သတင်းကောင်းပေါ့ရှင်။ စာဖတ်သူတို့ကော အာလူးကို ဘယ်လိုနေရာတွေမှာ အသုံးပြုကြပါသလဲ။ အခုတော့ အကြောပြတ်လို့ ကျန်ခဲ့တဲ့ အမာရွတ်တွေကို ဖယ်ရှားလိုက်ရအောင်။

အကြောပြတ်တာဟာ ကိုယ်ဝန်ဆောင်ချိန်သာမဟုတ်ဘဲ ဝလိုက်ပိန်လိုက်ဖြစ်တတ်တဲ့ သူတွေမှာလည်း ရှိတတ်ပါတယ်။ ခြေသလုံးနား ပေါင်နား တင်ပါးနား ဗိုက်ကြော ရင်သား လက်မောင်း စတဲ့နေရာတွေမှာအဖြစ်များပါတယ်။ အလှအပကိုချစ်မြတ်နိုးတဲ့သူတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။

အာလူးကို ဒီလိုသုံးလိုက်ရအောင်

အာလူးကို အကြောပြတ်တဲ့အမာရွတ်တွေကို ဖယ်ရှားရာမှာ အသုံးပြုနိုင်ပါတယ်။ အာလူးမှာပါဝင်တဲ့ Antioxidant က အမာရွတ်တွေကို ပျောက်ကင်းစေဖို့ ကူညီပေးပါတယ်။

ပြုလုပ်နည်း

အာလူး ၁ လုံးကိုယူပါ။ ပြီးရင် ခြစ်တဲ့ပစ္စည်းလေးကိုသုံးပြီး ခြစ်ယူလိုက်ပါ။

အဲဒီနောက် အာလူးကနေထွက်လာမယ့်အရည်ကို ညှစ်ယူပေးပါ။

ပြီးရင် အကြောပြတ်တဲ့အမာရွတ်နေရာတွေမှာ လိမ်းပေးပါ။

၁၅ မိနစ်လောက်ထားပြီးရင် ရေနွေးနဲ့ ဆေးချပါ။

တစ်နေ့ကို ၁ ခေါက်လောက် ပုံမှန်လုပ်ပေးပါ။