ရေမွှေးနံ့ သင်းသင်းလေးကို ဘယ်သူမဆို သဘောကျကြတာပဲ။ ဒါပေမဲ့ အများစုက ရေမွှေး ပုံမှန် သုံးလေ့ မရှိကြပါဘူး။ ကဲ ရေမွှေးမသုံးဖြစ်တဲ့သူအများစုအတွက် ရေမွှေးကို ဘယ်လိုစနစ်တကျဆွတ်မလဲနဲ့ ပတ်သက်လို့ ဗဟုသုတတချို့ မျှဝေလိုက်ပါတယ်။

(၁) အရင်ဆုံး ကိုယ့်အသားအရေကို သန့်ရှင်းရေးလုပ်ပါ

ရေမွှေးနံ့မပျက်ဘဲ သဘာဝအတိုင်း သင်းပျံ့နေဖို့ဆို အရင်ဆုံး ရေမွှေးဆွတ်မယ့် နေရာမှာ မွေးညှင်းပေါက်တွေ ပွင့်သွားကို သန့်ရှင်းရေးလုပ်ပါ။ အထိရောက်ဆုံးက ရေချိုးပြီးမှ ရေမွှေးဆွတ်ပါ။

(၂) Moisturize လုပ်ထားပါ

အရေပြားမှာ အစိုဓါတ်ရှိနေရင် ရေမွှေးမှာပါတဲ့ မော်လီကျူးကို ပိုစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ရေမွှေးမဆွတ်ခင် Moisturizer ဒါမှမဟုတ် Body Lotion တစ်ခုခု လိမ်းထားပါ။

(၃) ခန္ဓာကိုယ်နဲ့ ၃-၆ လက်မအကွာကနေ ဖြန်းပါ

ရေမွှေးဆွတ်ရင် Spray ကို ခန္ဓာကိုယ်နဲ့ သိပ်မနီးလွန်း ၊ မကပ်လွန်းတဲ့ အကွာအဝေးကနေ ထားပြီး ဖြန်းဖို့ လိုပါတယ်။

(၄) သွေးခုန်တဲ့ နေရာမှာ ဆွတ်ပါ

Pulse Points လို့ခေါ်တဲ့ သွေးခုန်/သွေးတိုးတဲ့နေရာလေးတွေမှာ ရေမွှေးဆွတ်တာ ပိုထိရောက်ပါတယ်။ ခန္ဓာကိုယ်မှာ Pulse Points တွေက လည်ပင်း ၊ လက်ကောက်ဝတ်နဲ့ နားရွက်နေရာတွေ ဖြစ်ပါတယ်။ စဖြန်းဖြန်းချင်း စပရေး တစ်ချက်နှစ်ချက်နဲ့ပဲ စပါ။ ပြီးမှ ကိုယ်လိုအပ်သလောက်ပဲ ထပ်ဆွတ်ဖို့ အကြံပြုချင်ပါတယ်။