ကိုယ့်အိမ်မှာ နေတိုင်းစားသုံးနေတဲ့ဆန်ကတစ်ဆင့်ရတဲ့ ဆန်ဆေးရည်က ရှေးရိုးရာကတည်းက အရမ်းကိုအသုံးဝင်တဲ့ သဘာဝဆေးတစ်မျိုးအနေနဲ့အသုံးပြုကြပါတယ်။ သဘာဝကပေးတဲ့ ဘက်စုံအသုံးပြုလို့ရတဲ့ ဆေးရည်တစ်မျိုးဆိုလည်း မမှားပါဘူးနော်။ ရှေးလူကြီးတွေက ဆန်ကိုရေနဲ့ တစ်ရေအရင်ဆေးပြီး နောက်တစ်ရေကိုတော့ ဆန်ဆေးရည်အဖြစ် သိမ်းထားလေ့ရှိပါတယ်။ ဖန်ပုလင်းအမျိုးအစားအလိုက် ထည့်ပြီးသိုလှောင်တာမျိုးတွေပါရှိပါတယ်။ ဒီအလေ့အထလေးတွေကိုတော့ တရုတ်လူမျိုးတွေကနေစတင်ခဲ့ပြီ။ နယ်ဘက်တွေမှာ ပိုပြီးအသုံးပြုတာတွေရပါတယ်။ ငယ်ငယ်တုန်းကတော့ ကိုယ့်အမေတွေက ဆန်ဆေးရည်တွေကို သိမ်းထားပြီး အသုံးပြုရင် ဘာလုပ်မှာလဲမသိဘူး၊ အသုံးဝင်မှာလည်းမဟုတ်ဘူးလို့ထင်ခဲ့မိတယ်။ ကြီးလာတဲ့အချိန်မှာတော့ ဆန်ဆေးရည်ရဲ့ ကောင်းကျိုးတွေကို သိပြီးပိုပြီးတန်ဖိုးထားတတ်လာခဲ့တယ်။

ကဲ့ဒီတော့ ဆန်ဆေးရည်ကို အကျိုးရှိရှိနဲ့ဘယ်လိုအသုံးပြုလို့ရနိုင်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ဆံပင်ပေါင်းတင်တဲ့အခါ


ဆန်ဆေးရည်ကို ခေါင်းမလျှော်မှီ ဦးရေပြားကနေလောင်းချပြီးပေါင်းတင်ပေးထားလို့ရပါတယ်။ ခေါင်းလျှော်ရည်နဲ့အတူတူလည်းအသုံးပြုလို့ရပါတယ်။ ဆန်ဆေးရည်က ကိုယ့်ရဲ့ဦးရေပြားကို ရှင်းလင်းစေနိုင်တဲ့အပြင် ဆံသားများကိုလည်း သန်မာစေပါတယ်။ နေ့တိုင်းအသုံးပြုစရာမလိုပါဘူးနော်။ တစ်ပတ်ကို သုံးခါလောက်ဖြစ်ဖြစ် အသုံးပြုပေးရင် ရပါပြီ။

အရေပြားယားယံခြင်း 


ဆန်ဆေးရည်မှာ အာယုဗေဒဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် အရေးပြားပြဿနာဖြစ်လေ့ဖြစ်ထရှိတဲ့သူတွေ၊ Allergic ထတတ်တဲ့သူတွေအတွက်ဆောင်ထားသင့်ပါတယ်။ အရေးပြားနီမြန်းတာတွေ၊ ယားယံတာတွေအတွက် အထူးကောင်းမွန်စေတဲ့အတွက် သဘာဝကပေးတဲ့ဆေးတစ်မျိုးဆိုလည်း မမှားပါဘူးနော်။

Relax ဖြစ်ဖို့အသုံးပြုခြင်း


ကိုယ့်ရဲ့အချိန်တွေကြောင့် Relax မလုပ်ဖြစ်တာ အရမ်းကြာနေပြီဆိုတဲ့သူတွေ၊Spa မသွားဖြစ်လို့ အသားအရေခြောက်နေတဲ့သူတွေအတွက်ဆိုရင် ငွေကုန်သက်သာပြီး တကယ်ထိရောက်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ Bath Tub အသုံးပြုပြီးကိုယ့်ရဲ့စိတ်ကိုအနားယူမယ်ဆိုတဲ့သူတွေအတွက်တော့ နွားနို့အသုံးပြုမဲ့အစား ၊ ဆန်ဆေးရည်ကိုလည်းအသုံးပြုလို့ရပါတယ်။ နူးညံ့ပြီး ကြည်လင်သွားစေတဲ့အတွက် ဆန်ဆေးရည်ကတော့ အရမ်းကိုအကျိုးရှိပြီး အသုံးဝင်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။

Photo Source – free.pik