အရိုးအဆစ်တွေသန်မာဖို့ လူကြီးတွေအမြဲသောက်ခိုင်းတဲ့ နွားနို့က ကိုယ့်ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက အလှအပအတွက်ကိုပါ ကောင်းကျိုးတွေအများကြီးဖြစ်စေနိုင်ပါတယ်။

ဝက်ခြံသာသာစေခြင်း၊ အသားအရေ အစိုဓာတ်ဖြည့်တင်းပေးခြင်း၊ ဂျီးချွတ်ပေးခြင်း၊ အိုမင်းရင့်ရော်မှုလက္ခဏာတွေကို လျော့ကျစေခြင်း၊ အသားအရေကို ဝင်းလက်တောက်ပစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို နွားနို့က ပေးစွမ်းနိုင်လို့ ဒီလိုအကျိုးတွေ ကိုယ်ခံစားရစေဖို့ အသုံးပြုပုံ အသုံးပြုနည်းလေးတွေကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

Cleanser

Source: Byrdie

မျက်နှာပေါ်က အညစ်အကြေးတွေကို အကောင်းဆုံးဖယ်ရှားနိုင်ရုံသာမက သဘာဝအတိုင်းရှိနေတဲ့ အစိုဓာတ်ကိုလည်း ဖယ်ရှားပစ်လိုက်မလားဆိုပြီး မစိုးရိမ်ရပါဘူး။ချွေးပေါက်တွေအတွင်းက အညစ်အကြေးတွေအထိ သန့်စင်ပေးနိုင်လို့ ချွေးပေါက်တွေပိတ်ဆို့ခြင်းမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

နွားနို့အစိမ်းထဲကို ဂွမ်းလုံးနှစ်တာဖြစ်ဖြစ်၊ Cotton Pad ထဲကို နို့နည်းနည်းလောင်းထည့်ပေးတာဖြစ်ဖြစ် ကိုယ်နှစ်သက်ရာရွေးချယ်ကာ မျက်နှာပေါ်မှာ ညင်သာစွာပွတ်ပေးရင်း မျက်နှာပြင်ပေါ်က အညစ်အကြေးတွေအနယ်ထိုင်နေတာကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ လိမ်းတာနှံ့သွားပြီဆိုရင် မိနစ်အနည်းငယ်လောက်ခဏထားပြီး မျက်နှာသစ်ဆေး၊ ရေတို့နဲ့ ပြန်လည်သန့်စင်နိုင်ပါတယ်။

တိုနာ

အဆီပြန်တဲ့အသားအရေအပါအဝင် အသားအရေတိုင်းအတွက် နွားနို့အစိမ်းကို တိုနာအဖြစ် အသုံးပြုနိုင်ပါတယ်။ တင်းတင်းရင်းရင်းရှိတဲ့ အသားအရေလိုချင်သူတိုင်းအတွက် သင့်တော်တဲ့နည်းလမ်းဖြစ်ပါတယ်။

နွားနို့အစိမ်း စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ နှင်းဆီရည် ၄−၅ စက်တို့ကို ပေါင်းစပ်ပါ။ မျက်နှာအရင်သစ်လိုက်ပြီး အစောပိုင်းကအရောထဲကို ဂွမ်းလုံးစနှစ်ကာ မျက်နှာမှာလိမ်းပေးပါ။ ပိုကောင်းတဲ့ရလဒ်တွေလိုချင်ရင်တော့ တစ်ညထားပြီးအိပ်ပါ။ အကယ်လို့ သင်က မျက်နှာစေးကပ်ကပ်ဖြစ်နေတာကြီးနဲ့ မအိပ်တတ်ဘူးဆိုရင်တော့ လိမ်းပြီးမိနစ်ပိုင်းအတွင်း ရေနွေးနွေးလေးနဲ့ မျက်နှာသစ်နိုင်ပါတယ်။

အစက်အပြောက်များ

သင်က ဝက်ခြံမကြာခဏထွက်တတ်တယ်ဆိုရင် နွားနို့ကိုသုံးကြည့်ပါ။ Lactic Acid ပါဝင်လို့ ဝက်ခြံတွေဖြစ်စေတဲ့ဘက်တီးရီးယားတွေကို သေစေကာ ပြန်လည်သက်သာနှုန်းကိုလည်း မြန်ဆန်စေပါတယ်။

နွားနို့စိမ်း စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ဆန်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကိုရောပြီး ပျစ်ပျစ်နှစ်နှစ်ဖြစ်အောင် မွှေပေးပါ။ နားကလော်တံကို အသုံးပြုပြီး ဝက်ခြံတွေပေါ်မှာ လိုက်တို့ပေးပါ။ တစ်ညထားပြီး မနက်ရောက်တော့ မျက်နှာသစ်ပြီး ဘာတွေပြောင်းလဲသွားလဲ ကြည့်လိုက်ပါ။

နေလောင်ရာများ

အပေါ်မှာပြောခဲ့သလိုပဲ နွားနို့မှာပါဝင်တဲ့ Lactic Acid က အသားအရေပေါ်က ဆဲလ်သေတွေကိုဖယ်ရှားရင်း ညင်သာစွာ ဂျီးချွတ်ပေးပါတယ်။

နွားနို့ စားပွဲတင်ဇွန်း ၂−၃ ဇွန်းနဲ့ ခရမ်းချဥ်သီးအရည် လက်ဖက်ရည်ဇွန်း ၂−၃ ဇွန်းတို့ကို ပန်းကန်လုံးတစ်ခုထဲပေါင်းစပ်ကာ Brush ကိုသုံးပြီး မျက်နှာပြင်အညီ ဖြန့်လိမ်းပေးပါ။ မိနစ် ၁၅−၂၀ ဝန်းကျင်လောက် ထားပြီးပြီဆိုရင် ရေအေးနဲ့မျက်နှာသစ်လိုက်ပါ။ အကောင်းဆုံးရလဒ်တွေရရှိဖို့ ဒီနည်းလမ်းကို တစ်ပတ်လျှင် အနည်းဆုံး ၃ ကြိမ်ပြုလုပ်ပေးပါ။

By MyStyle Myanmar