Highlighter ဆိုတာကတော့ ကိုယ့်ရဲ့ မျက်နှာက အစိတ်အပိုင်းတစ်ခုခုကို ပိုပြီးပေါ်အောင် လင်းအောင် အသုံးပြုတဲ့ အလှပြင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

မိတ်ကပ်ပစ္စည်းတွေထဲမှာ အခုဆိုရင် Highlighter ဟာ မနှစ်ကနဲ့ ယှဉ်ရင်ရောင်အားပိုတက်လတာတွေ့ရတယ်လို့ အလှပြင်ပစ္စည်းထုတ်တဲ့ ကုမ္ပဏီတစ်ခုက ပြောပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာလည်း Beauty Blogger တွေ၊ Make Up Artist တွေက သူတို့ရဲ့ မိတ်ကပ်လိမ်းနည်းတွေကို ပြန်လည်မျှဝေပေးလျက်ရှိရာမှာ မိတ်ကပ်အလှပြင်ပစ္စည်းတွေနဲ့ ပိုပိုပြီး ရင်းနှီးလာကြပါတယ်။

Highlighter ကို ကိုယ့်မျက်နှာရဲ့ ဘယ်လိုအစိတ်အပိုင်းမှာ အသုံးပြုမလဲဆိုရင်တော့ အခုဒီပုံလေးကို ကြည့်လိုက်ပါ။

နဖူး၊ မျက်ခုံးမွေးထောင့်နား၊ ပါးရိုးနား၊ နှာတံ၊ နှုတ်ခမ်းအပေါ်နဲ့ မေးစေ့နားတွေမှာ အသုံးပြုပေးရမှာပါ။ အခုလိုမျိုး အသုံးပြုပေးလိုက်ခြင်းအားဖြင့် အဲဒီနေရာမှာ ပြောင်ပြောင် လင်းလင်းလေး ဖြစ်နေမှာဖြစ်ပြီး ကိုယ့်မျက်နှာရဲ့ အစိတ်အပိုင်းတွေကို ပိုပြီး သိသာထင်ရှားစွာ မြင်ရမှာဖြစ်ပါတယ်။

မိတ်ကပ်ပညာရှင်တွေ မော်ဒယ်တွေကို Highlighter လိမ်းချယ်ပေးထားတဲ့ ပုံတွေကို မျှဝေပေးလိုက်ပါတယ်။