ခေါင်းလျှော်ပြီး ဆံပင်ခြောက်အောင်လုပ်ရတာက ဆံပင်ရှည်တဲ့မိန်းကလေးတွေအတွက်တော့ အင်မတန်ကို လက်ပေါက်ကပ်တဲ့အလုပ်တစ်ခုပါ။ ဆံပင်မခြောက်တခြောက်နေမယ်ဆိုရင်လည်း ခေါင်းထိုးကိုက်တဲ့ဝေဒနာကို ခံစားရတတ်ပါသေးတယ်။ ဒါကြောင့် ဆံပင်မြန်မြန်ခြောက်အောင်လို့ မိန်းကလေးအများစုက ဆံပင်လေမှုတ်စက်ကို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် ဆံကေသာပညာရှင်များဟာ ဆံပင်လေမှုတ်စက်ကိုအသုံးပြုခြင်းက ဆံသားကိုမြန်မြန်ပျက်စီးစေတာကြောင့် သိပ်ပြီးမသုံးစေချင်ပါဘူး။

သို့သော်လည်း ကိုယ့်ပြဿနာနဲ့ကိုယ် အချိန်မပေးနိုင်တာ၊ အပျင်းကြီးတာတွေကြောင့် ဆံပင်လေမှုတ်စက်ကို သုံးမှဖြစ်မယ်ဆိုရင်လည်း ဘယ်လိုနည်းလမ်းတွေနဲ့ စနစ်ကျကျအသုံးပြုပြီး ဆံသားမပျက်စီးအောင် ကာကွယ်မလဲဆိုတာကို အခုပဲဖတ်ကြည့်လိုက်ရအောင်ပါ။

၁။ အရည်အသွေးကောင်းတဲ့ ဆံပင်လေမှုတ်စက်ကို အသုံးပြုပါ

Source: VS Sassoon

၂။ မှန်ကန်သင့်တင့်လျောက်ပတ်တဲ့ အပူချိန်

၃။ ဆံပင်လေမှုတ်စက်ကို အသုံးမပြုခင်မှာ ဆံပင်လိမ်းဆီ အရင်လိမ်းပေးပါ

Source: Kum’s blog

၄။ ခေါင်းလျှော်ပြီးပြီးချင်း စိုရွဲနေတုန်း ဆံပင်လေမှုတ်စက်အသုံးမပြုပါနဲ့။ နည်းနည်းသုတ်ပြီးလို့ စိုထိုင်းထိုင်းဖြစ်နေတော့မှ ဆံပင်လေမှုတ်စက်ကို အသုံးပြုပါ။

Source: Dermstore

၅။ ဆံပင်လေမှုတ်စက်ကို အသုံးပြုတဲ့အခါမှာ ဆံပင်နဲ့ဝေးဝေးထားပြီး အသုံးပြုပါ

Source: L’Oreal Paris

၆။ ဆံပင်လေမှုတ်စက်ကို အကြာကြီးအသုံးပြုတာမလုပ်ဘဲနဲ့ မှန်မှန်နဲ့မြန်မြန် ခေါင်းခြောက်အောင်မှုတ်ပါ။