မျက်နှာပေါ်က အရေးကြောင်းတွေကို သက်သာပြီး၊ အသားအရေကို တင်းရစ်လှပစေမယ့် ပေါင်းတင်နည်းကိုပြောပြမယ်ဆိုရင် ပျိုမေတို့ စိတ်ဝင်စားကြ မယ်လို့ထင်ပါတယ်နော်။ ကြက်ဥအကာဟာ သင့်အသားအရေအလှအပအတွက် များစွာအကျိုးကျေးဇူးရှိစေပါတယ်။

ကြက်ဥအကာဟာ အသားအရေ နီမြန်းခြင်းကို သက်သာစေပြီး ရောင်ရမ်းမှုကိုလည်း လျှော့ချပေးပါတယ်။ တခြား ကုန်ကျစရိတ်မြင့်မားတဲ့ ပေါင်းတင်နည်းတွေ ထက် သဘာဝနည်းလမ်းလေးနဲ့မို့ သင့်ကိုပိုပြီးအကျိုးကျေးဇူးရှိစေမှာအမှန်ပါပဲ။

အကျိုးကျေးဇူး

၁၀ နှစ်လောက်နုပျိုသွားစေဖို့ ကြက်ဥနဲ့ သံပုယိုသီးရောပြီး ပေါင်းတင်မယ်

မျက်နှာအဆီပြန်ခြင်းကိုလည်း သက်သာစေပြီး PH ပမာဏကို အညီအမျှထိန်းပေးလို့ သင့်အသားအရေကို ကြည်လင်စေမှာပါ။ မျက်အိတ်ဖြစ်ခြင်းကိုလည်း သက်သာစေပါတယ်။

ချွေးပေါက်တွေကိုလည်း ကျဉ်းစေပြီး သင့်အသားအရေကို ပိုပြီး ကြည်လင်လာစေမှာပါ။

အသားအရေကို စိုပြေစေရုံသာမက အသားအရေခြောက်သွေ့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အသားခြောက်တယ်ဆိုရင်တော့ ကြက်ဥအကာ ပျားရည်နဲ့ သံလွင်ဆီရောပြီး မျက်နှာပေါင်းတင်ပေးနိုင်ပါတယ်။

ကြက်ဥအကာနဲ့ပေါင်းတင်မယ်

ကြက်ဥအနှစ်နဲ့ အကာကိုခွဲလိုက်ပြီး ကြက်ဥအကာချည်းကိုပဲ မျက်နှာပေါ်မှာလိမ်းပေးနိုင်ပါတယ်။ ပြီးရင်ခြောက်အောင်ထားပြီး ခွာချလိုက်ပါ။ ပြီးရင်ရေဆေးချပေးပါ။ ရေအေးအေးလေးနဲ့ ဆေးချရမှာဖြစ်ပါတယ်။

ကြက်ဥအကာ ၁ လုံးကို ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းရောပြီးလည်း ပေါင်းတင်ပေးနိုင်ပါတယ်။ အသားအရေမရွေးသင့်တော်ပါတယ်။

အရေးကြီးဆုံးကတော့ ပေါင်းမတင်ခင်မှာ မျက်နှာကို ရေနွေးနွေးလေးနဲ့ သေချာပြောင်အောင်သစ်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးရပါမယ်။