အိမ်သုံးပစ္စည်းတွေနဲ့ Treatment တွေကိုယ်တိုင်လုပ်ရတာကို မိန်းကလေးအများစုက ကြိုက်နှစ်သက်ကြပါတယ်။ အနည်းဆုံးပျင်းပြီး နေ့တိုင်းမလုပ်နိုင်တာတောင်မှ တခါတလေတော့လုပ်ဖူးကြမှာပါ။ မျက်နှာဆိုလည်း မျက်နှာအလျောက် ရှားစောင်းတို့ သံပုရာသီးတို့ ပျားရည်တို့ ထောပတ်သီးတို့ ဒိန်ချဉ်တို့ အစရှိသဖြင့် အိမ်အသုံးအဆောင်တွေကို အရင်းပြုပြီး ပြုလုပ်တတ်ကြပါတယ်။

နည်းလမ်းသစ်ကိုဖော်ပြပေးသွားမှာပါ။ အလှပြင်ဆိုင်တွေမှာလို ဈေးကြီးပေးစရာမလိုပဲ ထိရောက်စေမယ့် နည်းလမ်းဖြစ်လို့ မပျင်းမရိပဲ တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆို ထူးခြားတဲ့ရလဒ်ကို ကိုယ်တွေ့ခံစားနိုင်မှာပါ။ ဆံပင်ကိုပုံမှန်ပေါင်းပေးချင်ရင်တော့ ပေါင်းဆေးတွေ ဈေးကြီးပေးပြီး ဝယ်သုံးနေမယ့်အစား ကြက်ဥကိုသုံးပြီး ပုံမှန်ပေါင်းတင်ပေးပါက သဘာဝအတိုင်း ကောင်းမွန်စေမှာပါ။ ကြက်ဥဟာ ဘယ်လို ဆံပင်သားမျိုးနဲ့မဆို လိုက်ဖက်တဲ့အပြင် ဆံသားတွေဖွာခြင်း ပျက်စီးခြင်းကိုလည်း ပြုပြင်ပေးပါတယ်။

သို့ပေမယ့် သိသင့်ထားသင့်တဲ့အချက်ကတော့ ပုံမှန်ဆံပင်သားဆို ကြက်ဥ တစ်လုံးလုံးသုံးလို့အဆင်ပြေပါတယ်။ အဆီပြန်တတ်တဲ့ ဆံသားတွေကျတော့ အကာကိုပဲသုံးသင့်ပါတယ်။ ခြောက်သွေ့ပြီး ဖွာတဲ့ ဆံသားကို ပိုင်ဆိုင်ထားရရင်တော့ အနှစ်ကိုပဲ သုံးပြီးပေါင်းပေးပါ။ ဘယ်လိုပေါင်းသင့်လဲဆိုတဲ့ နည်းလမ်းကို ထပ်ပြီးပြောပြပေးချင်ပါတယ်။

ကြက်ဥ တစ်လုံး သို့မဟုတ် နှစ်လုံးကိုသုံးပြီး မိနစ် ၂၀လောက် သုတ်လိုက်ထားပြီးနောက် ရေအေးနဲ့ဆေးချပြီး သုံးနေကျ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ ဆံပင် ပျက်စီးမှုအနည်းငယ်ကစပြီး ကြီးမားတဲ့ပျက်စီးမှုအထိ ကြက်ဥကိုသုံးပြီး ပုံမှန်ပေါင်းပေးနိုင်ပါတယ်။

Source: AllWomenStalk