မင်္ဂလာပါ ပျိုမေတို့ရေ။ သာမန်အသားအရေထက်စာရင် အဆီပြန်တဲ့ အသားအရေပိုင်ဆိုင်ထားတဲ့ ပျိုမေလေးတွေက မျက်နှာကို အမှတ်မထင်ထိတွေ့မိလိုက်တိုင်း စိတ်ညစ်ကြရပါတယ်။
အခုလို အဆီပြန်တာတွေကြောင့် စိတ်ညစ်နေရတဲ့ ပျိုမေတို့အတွက် အဆီပြန်တာကို ထိန်းသိမ်းပေးပြီး အဆီပြန်တာကို သက်သာစေမယ့် နည်းလမ်းကောင်းကို မျှဝေပေးချင်ပါတယ်။
နည်းလမ်း (၁)
ပါဝင်ပစ္စည်း
ကြက်ဥ အကာ ၁ လုံး
သံပယိုရည် စားပွဲတင်ဇွန်းတစ်ဝက်
ပြုလုပ်နည်း
ကြက်ဥ ကို ခွဲလိုက်ပြီး အကာပဲ ခွဲထုတ်လိုက်ပါ။ ပြီးရင် အဲဒီအကာကို သံပယိုရည် ထည့်ပြီး မွှေလိုက်ပါ။ အဲဒီနောက် မျက်နှာကို အရင်ဆုံးသစ်လိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်လိုက်ပြီး စောစောက ကြက်ဥအကာနဲ့ သံပယိုရည်ရောထားတာကို လိမ်းလိုက်ပါ။ မျက်လုံးနားတစ်ဝိုက်ကို ရှောင်လိမ်းပါ။
ပြီးရင် မိနစ် ၂၀ ၊ ၃၀ ခန့်ထားပြီး ခြောက်အောင်ထားပါ။ အဲဒီနောက် ရေအေးအေးနဲ့ ဆေးချလိုက်ပါနော်။
နည်းလမ်း (၂)
ပါဝင်ပစ္စည်း
ကြက်ဥအကာ ၁ လုံး
ကွေကာအုပ်အကြမ်းမှုန့် ခွက် ၁/၄ ပုံ
သံပယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ရေ တစ်ခွက်
ပြုလုပ်နည်း
ရေကို ပွက်အောင်တည်လိုက်ပါ။ ပြီးရင် အဲဒီရေထဲမှာ ကွေကာအုပ်အကြမ်းထည့်လိုက်ပါ။ ၂ မိနစ်လောက် တည်ထားပါ။
ပြီးရင်တော့ မီးဖိုပေါ်ကချလိုက်ပြီး အအေးခံလိုက်ပါ။ အဲဒီနောက် သံပယိုရည်နဲ့ ကြက်ဥအကာကို ထည့်လိုက်ပြီးမွှေပေးလိုက်ပါ။
ပြီးရင် ပန်းကန်ထဲထည့်ထားပါ။ အဲဒီနောက် မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပါ။
အဲဒီနောက်ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်နိုင်ပါတယ်။
Featured Image Source: vneconomy.vn