ကော်ဖီသောက်တဲ့အခါ အနည်ထိုင်ကျန်ခဲ့တဲ့ ကော်ဖီအနည်တွေကို လွင့်ပစ်မိနေတယ်ဆိုရင်တော့ အခုပဲရပ်တန့်လိုက်ပါ။ ကော်ဖီအနည်တွေကို အိမ်အတွက် အကျိုးရှိရှိ ပြန်လည်အသုံးချလို့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ ကော်ဖီအနည်ရဲ့အသုံးဝင်ပုံလေးတွေကို ဖတ်ကြည့်လိုက်ပါ။

(၁) အိုးခွက်များတိုက်ချွတ်ဆေးကြောနိုင်ခြင်း

ကော်ဖီအနည်ရဲ့ အာနိသင်ဟာ တိုက်ချွတ်ရခက်တဲ့ အိုးခွက်များကို ပြောင်လက်သွားအောင် ဆေးကြော သန့်စင်ပေးနိုင်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်း ဇွန်း စသည်တို့ တိုက်ချွတ်ဆေးကြောရာတွင်လည်း ကောင်းကောင်းကြီး အသုံးပြုနိုင်ပါတယ်။

(၂) ပန်းများ ကြာရှည်ခံအောင် ပြုလုပ်နိုင်တယ်

ပန်းများ ကြာရှည်ခံ လန်းဆန်းစေချင်လျှင် ကော်ဖီနှင့်ရေ ‌ရောဖျော်ပြီး ပန်းများအပေါ် လောင်းချလိုက်ပါ။ နှပ်ကော်ဖီထဲတွင် နိုက်ထရိုဂျင်၊ မဂ္ဂနင်စီယံ နှင့် ပိုတက်စီယံ ဓာတ်တွေပါသောကြောင့် အပင်များလန်းဆန်းဖို့ စွမ်းအင်မြှင့်ပေးပါလိမ့်မယ်။ အပြင်းစား ကော်ဖီကိုတော့ အပင်ပေါ် လောင်းမချလိုက်ပါနဲ့ အက်ဆစ်ဓာတ် အလွန်များပါတယ်။

(၃) အင်းဆက်ပိုးမွှားများအန္တရာယ်မှကာကွယ်ပေးခြင်း

ကော်ဖီတွင် အင်းစက်ပိုးမွှားများကို သေစေနိုင်သော ကဖင်းဓာတ်နှင့် Diterpens ဓာတ်တွေပါဝင်ပါသောကြောင့် ခြင်၊ ယင်၊ ပိုးကောင်မာနှင့် အခြားပိုးမွှားရန်မှ ကာကွယ်နိုင်ရန် ထိုင်နေတဲ့ အနီးအနားပတ်ဝန်းကျင်တွင် ကော်ဖီအနည်များ ဖြန်းထားခြင်းဖြင့် ရိုးရှင်းစွာအသုံးပြုနိုင်ပါတယ်။ အပင်များကို အပင်စားပိုးမွှားများဖြစ်သော ခရု၊ ပက်ကျိကဲ့သို့ အင်းစက်ပိုးများရန်မှ ကာကွယ်ရန် ပင်စည် (သို့) ရိုးတံ ပတ်လည်တွင် ကော်ဖီအနည်များ ဖြန်းထားနိုင်ပါတယ်။

(၄) အသားများနူးအောင်နှပ်ရာတွင်အသုံးပြုနိုင်ခြင်း

ကော်ဖီတွင်ပါသော အက်ဆစ်ဓာတ်ဟာ အနံ့အရသာထက် အသားများ နူးညံ့နေအောင် နှပ်ခြင်းတွင် ပိုမိုအထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ကော်ဖီအနည်များကို မချက်ပြုတ်မှီ အသားများပေါ်တွင် (၂) နာရီကြာ ခြောက်သွေ့အောင် သုတ်လိမ်းထားပြီး  ချက်လိုက်မယ်ဆိုရင် ဖုံးကွယ်ထားသော ကြွတ်ရွလတ်ဆတ်တဲ့ အရသာကို ရရှိပါလိမ့်မယ်။

Source: Bright Side