အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မိတ်ကပ်ကြိုက်တတ်တဲ့ ပျိုမေလေးတွေအတွက် ကြက်ဥ Blender လေးကို ဘယ်လိုသုံးရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

စသုံးတုန်းကတော့ သိပ်ပြီးအဆင်မပြေလှဘူးလို့ထင်ရပေမယ့် တကယ်တမ်းသုံးကြည့်တဲ့အခါမှာတော့ မိတ်ကပ်သား ဆွဲလို့ကောင်းတယ်။ ပြီးတော့ Blender လည်း လုပ်လို့ကောင်းတာတွေ့ရပါတယ်။

ဘာလို့ ကြက်ဥ Beauty Blender ကို လိုအပ်တာလဲ

ဒီ ကြက်ဥလုံးလေးက သိပ်ကိုအသုံးဝင်ပါတယ်။ ဖောင်ဒေးရှင်းလိမ်းတဲ့အခါလည်းသုံးလို့ရတယ်။ Concealer လိမ်းတဲ့အခါလည်းသုံးလို့ရတယ်။ ဒါ့အပြင် နောက်ဆုံး ပေါင်ဒါလိမ်းတဲ့အခါမှာလည်း သုံးလို့ရပါတယ်။

ကြက်ဥ Beauty Blender ကိုဘယ်လိုသုံးမလဲ

ဒီလိုနည်းလမ်းလေးတွေနဲ့ အသုံးပြုလို့ရပါတယ်။

အသုံးမပြုခင်မှာ အရင်ဆုံး ရေထဲနစ်လိုက်မယ်။ ပြီးရင်ရေတွေအကုန်လုံးကို ညှစ်ထုတ်လိုက်မယ်။

ပြီးရင်တော့ အဲဒီ Beauty Blender လေးကို မိမိလိုချင်တဲ့နေရာမှာအသုံးပြုလို့ရပါတယ်။

အသုံးပြုနည်း

ဒီလို မိတ်ကပ်ရည် (သို့) ဖောင်ဒေးရှင်းကို လက်ပေါ်တင်။ ကြက်ဥလေးနဲ့ ယူလိုက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပါ။ သေချာ ပွတ်ဆွဲပြီးလိမ်းပေးရမှာဖြစ်ပါတယ်။

သန့်သန့်ရှင်းရှင်းထားသုံးမယ်

အသုံးပြုပြီးတဲ့အချိန်တိုင်းမှာ သေချာလေး သန့်ရှင်းထားပေးပါနော်။ သန့်သန့်ရှင်းရှင်းလေးသုံးမှ မျက်နှာလေးကလည်း သန့်သန့်ရှင်းရှင်းလေးဖြစ်နေမှာပါ။