သင်က မိတ်ကပ်လိမ်းတဲ့အချိန် Beauty Blender ကို သုံးလေ့မဟုတ်သူ ဆိုရင် လိုအပ်နေတာတွေ ရှိနေပါသေးတယ်။ ဘာလို့လဲဆိုတော့ Beauty Blender က ဖောင်ဒေးရှင်း၊ Moisturizer, Sunscreen လိမ်းတဲ့အချိန် အစင်းကြောင်း ပြုတ်ရာတွေ မပေါ်အောင် ကူညီပေးနိုင်လို့ပါ။ ဈေးမများတာကြောင့် သင့်အနေနဲ့ မဖြစ်မနေ တစ်ခုလောက် ဝယ်ထားသင့်ပါတယ်။ ဝယ်ပြီးပြီဆိုရင်တော့ Beauty Blender ကို ဆရာကျကျ သုံးနိုင်ဖို့ ဒီနည်းလမ်းတွေကို ဆက်လုပ်နိုင်ပါတယ်။

၁။ Beauty Blender ကို ရေစွတ်ပါ

Beauty Blender ကို ပထမဆုံး လုပ်ရမယ့် အဆင့်ကတော့ ရေစွတ်တာပါ။ ဒီလိုစွတ်တဲ့အခါ ရေထဲ ထည့်စိမ်နိုင်သလို ရေတုံကင်အောက် စွပ်လို့လည်း ရပါတယ်။ ဖော့သဘောဖြစ်တာကြောင့် ရေများများ စိမ့်ဝင်လေလေ Blender က ပိုပွလေ ဖြစ်ပါလိမ့်မယ်။

၂။ ရေတွေကို ညှစ်ချပါ

သင်က ရေစိမ်ပြီးတာနဲ့ ခဏထားကာ ရေတွေကို ညှစ်ချရပါမယ်။ ရေစိမ်များပြီး မိတ်ကပ်လိမ်းတုန်း ရေစီးကျလာတာမျိုးက သင်မိတ်ကပ်လိမ်းတဲ့အချိန် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

၃။ လက်နောက်ဘက်မှာ ဖောင်ဒေးရှင်းကို တင်ပါ

ဖောင်ဒေးရှင်းလိမ်းတဲ့အခါ Beauty Blender ပေါ် တိုက်ရိုက်တင်တာမျိုးက မကျွမ်းကျင်သူတွေအတွက်ဆိုရင် ပမာဏ မမျှတ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်နောက်ဘက်မှာ တင်ပြီးမှ Blender နဲ့ ယူသင့်ပါတယ်။ သင်က ကျွမ်းကျင်သွားရင်တော့ Beauty Blender ပေါ် တန်းတင်ပြီး လိမ်းနိုင်ပါတယ်။

၄။ Beauty Blender ကို ဖောင်ဒေးရှင်းနဲ့ ပုတ်ပေးပါ

နောက်တစ်ဆင့်အနေနဲ့ Beauty Blender သုံးပြီး ဖောင်ဒေးရှင်းသုံးတဲ့အခါ ပုတ်ပြီး ယူပေးသင့်ပါတယ်။

၅။ ပုတ်လိမ်းပါ

ဒီအဆင့်က ပြစ်မျိုးမှဲ့မထင် မိတ်ကပ်ပုံစံကို ရဖို့ အရေးအပါဆုံး အဆင့်ပါ။ Beauty Blender နဲ့ မျက်နှာပေါ်လိမ်းတဲ့အခါ ဘောလုံးပုတ်သလို မျက်နှာပေါ် ပုတ်လိမ်းပေးရပါမယ်။ Beauty Blender နဲ့ မျက်နှာပေါ် ဆွဲချတာမျိုး လုပ်ရင်တော့ ချွေးပေါက်တွေ ပိုပေါ်နိုင်ပြီး အကြောင်းရာတွေ ပေါ်နိုင်ပါတယ်။

၆။ ထိပ်ချွန်လေးကို နေရာကျဉ်းကျဉ်းတွေပေါ် လိမ်းပေးပါ

Beauty Blender မှာ ပြင်ကျယ်ပိုင်းကို ပါးနဲ့ နဖူးလိမ်းနိုင်ပြီး ထိပ်ချွန်အပိုင်းကိုတော့ မျက်လုံးအောက်နဲ့ ပြင်ကျယ်ပိုင်း ရောက်ဖို့ ခက်တဲ့နေရာတွေပေါ် ပုတ်လိမ်းပေးရပါမယ်။

၇။ အစင်းကြောင်းတွေ ပေါ်ခဲ့ရင်

ပုတ်လိမ်းရင်းနဲ့ မချောမွေ့တဲ့ နေရာပေါ်လာရင် ပုတ်လိမ်းတာကို ရပ်လိုက်ပြီး အစင်းကြောင်းရှိတဲ့နေရာပေါ် ဆွဲလိမ်းသွားသင့်ပါတယ်။ ဒီလိုဆိုရင် အစင်းကြောင်းလည်း ပျောက်သွားပြီး ကိုယ်မလိုချင်တဲ့ နေရာကိုပါ ဖျက်ရာရောက်ပါတယ်။

Source: Allwomenstalk
By MyStyle Myanmar