မင်္ဂလာပါ ပျိုမေတို့ရေ။ ၃၀ ကျော်အရွယ် အသားအရေက အသက် ၂၀ တုန်းကနဲ့ မတူတော့တာမို့ Skincare လုပ်တဲ့အခါမှာ ကိုယ့်အရွယ်အလိုက် လိုအပ်သလို ပြောင်းလုပ်တတ်ဖို့ အရေးကြီးပါတယ်နော်။ များသောအားဖြင့် သတ်လတ်ပိုင်းအရွယ်က ဝက်ခြံပြဿနာထက် အရေးအကြောင်းနဲ့ အမဲစက်တွေ ပေါ်တတ်တဲ့အချိန်ဖြစ်လို့ အိုမင်းရင့်ရော်မှုကို လျှော့ချပေးမယ့် Skincare မျိုးတွေထည့်သုံးပေးဖို့ လိုလာပါပြီ။

ဒီတစ်ခေါက်မှာ အသက် ၃၀ ကျော်အရွယ်တစ်ခု ရောက်လာတဲ့ ပျိုမေတို့အတွက် Skincare လုပ်တဲ့အခါ ရွေးချယ်သင့်တဲ့ Product အမျိုးအစားနဲ့ ထိန်းသိမ်းနည်းအဆင့်တွေအကြောင်းကို မျှဝေပေးလိုက်ရပါတယ်။

၁။ Cleanser အပျော့

အသက်ရလာတာနဲ့ အသားအရေကလည်း အဆီထွက်နှုန်းလျော့လာတာမို့ ကြမ်းတမ်းတဲ့ Cleanser တွေ သုံးမိရင် အသားပိုခြောက်စေမှာပါ။ မျက်နှာသစ်ပြီးတိုင်း ချက်ချင်းနီးပါးအသားခြောက်သွားသလို ခံစားရရင် Cleanser ကိုပြောင်းသုံးပေးဖို့လိုလာပါပြီ။ ကိုယ့် Skin Type နဲ့အဆင်ပြေပြီး အသားမခြောက်တဲ့ Cream Cleanser အပျော့လေးတွေရွေးသုံးပေးပါ။

၂။ အဆီဓာတ်ပါတဲ့ မိတ်ကပ်ဖျက်ဆေး

မိတ်ကပ်အကြွင်းအကျန်လုံးဝမရှိရအောင် မိတ်ကပ်ဖျက်တစ်ရှူးတွေအပြင် Deep Cleansing ဖြစ်မယ့် Oil တစ်မျိုးနဲ့ မိတ်ကပ်ဖျက်တာမျိုးလုပ်ပေးပါ။ Olive Oil နဲ့ Vitamin E တို့လို အစိုဓာတ်လည်းဖြည့်ပေးနိုင်တဲ့ Oil မျိုးကို သုံးပေးနိုင်ပါတယ်။

၃။ Sunscreen

အသက်အရွယ်မရွေး Sunscreen က အရေးကြီးသလို ၃၀ ကျော်အရွယ်မှာပိုပြီး လိမ်းဖို့လိုပါတယ်။ SPF ပါဝင်မှု ၃၀ ထက်မနည်းတဲ့ Sunscreen တွေ ပုံမှန်သုံးပေးပါ။ အသားအရေနဲ့အဆင်ပြေပြီး ပေါ့ပေါ့ပါးပါးနဲ့ နေ့စဉ်လိမ်းအတွက်အဆင်ပြေတဲ့ Sunscreen မျိုး ရွေးချယ်ပေးရပါမယ်။

၄။ အစိုဓာတ်ဖြည့်တဲ့ Emulsion

အစိုဓာတ်ပိုရဖို့ ၃၀ အရွယ်မှာ Moisturizer အပြင် Emulsion ကိုပါ ထည့်သုံးပေးသင့်ပါတယ်နော်။ Emulsion တွေက ရေဓာတ်ပါဝင်မှုများသလို အသားအရေကိုပါ တင်းရင်းစေတာမို့ သင့် Skin ကို ရှိရင်းစွဲထက် ငယ်ပုံပေါက်စေမှာပါ။

၅။ Eye Serum

မျက်လုံးတစ်ဝိုက်အရေပြားက ပါးပြီး Sensitive ဖြစ်တာမို့ အရေးအကြောင်းပေါ်ပြီး ညိုမဲလွယ်ပါတယ်။ ဒါကြောင့်မို့ အသက် ၃၀ ဝန်းကျင်လောက်ကစပြီး Anti-aging ဖြစ်တဲ့ Eye Serum (သို့) Cream တွေ မဖြစ်မနေလိမ်းပေးဖို့ လိုပါတယ်။

၆။ Night Cream

မျက်နှာအရေးအကြောင်းမပေါ်ဖို့အတွက် ညမအိပ်ခင်မှာ Night Cream လေးတွေ ပုံမှန်လိမ်းဖို့လည်း မမေ့ပါနဲ့။ Night Cream လိမ်းပေးတာက အသက်အရွယ်ရလာလို့ လျှော့နည်းလာတဲ့ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာမို့ မနက်ပိုင်းမှာ အသားကြည်ကြည်လေးနဲ့ နှိုးထနိုင်မှာပါ။

၇။ Retinol ပါဝင်တဲ့ ပစ္စည်းတွေ

သက်လတ်ပိုင်းအရွယ်ရောက်လာတဲ့အခါ ရုပ်ရင့်ပြီး အသားအရေတွဲကျတာတွေ မဖြစ်ရအောင် Vitamin A အရင်းအမြစ်ဖြစ်တဲ့ Retinol အလှကုန်တွေကို စသုံးပေးသင့်ပါတယ်နော်။ Retinol က ကိုယ်တွင်း Collagen ထုတ်လုပ်မှုကိုမြှင့်တင်ပေးတဲ့အပြင် Skin ဆဲလ်အသစ်ဖြစ်ဖို့ အားပေးတာမို့ အသားအရေကို တင်းရင်းနုပျိုစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar