လူအများစုအတွက် စိတ်အနှောင့်အယှက်အဖြစ်ရဆုံးအရာကို ပြောပါဆိုရင် မျက်နှာပေါ်က အဆီခဲတွေလို့ တော်တော်များများက ဖြေကြမှာပါ။ အလှပြင်စရာမလိုဘဲ ရှင်းသန့်နေတဲ့မျက်နှာကို ပိုင်ဆိုင်ချင်သူတိုင်းအတွက် မျက်နှာပေါ်က အဆီခဲတွေဟာ စိတ်ပျက်စရာပါပဲ။

မျက်နှာပြင်ပေါ်က စိတ်ပျက်စရာ ဝက်ခြံတွေ

ချွေးပေါက်ထဲက အဆီခဲနဲ့ အပြင်က ဖုန်မှုန့်တွေပေါင်းစပ်ပြီး ဝက်ခြံခေါင်းမည်းတွေ (black head) တွေ ဖြစ်လာတတ်ပါတယ်။ မျက်နှာလိမ်းခရင်မ်ဆိုတာ နေ့စဉ်အလှကုန်တစ်ခုတည်းမှာ ပါဝင်နေတဲ့အတွက် များသောအားဖြင့်တော့ နေ့စဉ် မျက်နှာလိမ်းခရင်မ်လိမ်းတတ်ကြပါတယ်။

မျက်နှာကို ဘယ်လိုသန့်စင်မလဲ

ဒါ့ကြောင့် တစ်နေကုန်လိမ်းထားတဲ့ မျက်နှာလိမ်းခရင်မ်တွေ နဲ့ မျက်နှာပြင်ပေါ်ရောက်လာတဲ့ ဖုန်မှုန့်တို့တွေဟာ မျက်နှာသစ်ရုံတစ်ခုတည်းနဲ့ ပြောင်စင်ဖို့ ခဲယဉ်းပါတယ်။ အသားအရေရဲ့ အပေါ်ယံက အဆီလောက်ကိုသာ မျက်နှာသစ်ခြင်းက ဖယ်ရှားပေးနိုင်တာပါ။

ထိရောက်တဲ့ သန့်စင်နည်း

ချွေးပေါက်ထဲက အဆီအညစ်အကြေးတွေပျော်ဝင်ပြီး သန့်စင်စေဖို့ကတော့ ညမအိပ်ခင် ဂျီးချွတ်အဆီ (Cleaning Oil) နဲ့ ဂျီးချွတ်သန့်စင်ပေးမှသာ ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ ပြီးမှ အပေါ်ယံရောက်လာတဲ့ အညစ်အကြေးတွေကို Facial Foam နဲ့သစ်ပေးပါ။

ဝက်ခြံတွေကို ဘယ်လိုရှင်းထုတ်မလဲ

ဝက်ခြံမည်းလေးတွေကို ခဏခဏ ညှစ်ထုတ်နေရင် ချွေးပေါက်ကို ပိုကျယ်စေပြီး ပိုဆိုးလာတတ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံတွေရဲ့ သန့်စင်ရာ အရင်းအမြစ်ဖြစ်တဲ့ Cleaning Gel ဒါမှမဟုတ် Cleaning Oil တစ်ခုခုသုံးပြီး ဖယ်ရှားကာ မျက်နှာသစ်ခြင်းကသာ အလိုအပ်ဆုံးပါပဲ။

နောက်ဆုံးအဆင့်

နောက်ဆုံးအဆင့်ကတော့ Toner လိမ်းပေးပါ။ ချွေးပေါက်လေးတွေထဲကနေ ရေဓာတ်ဖြည့်တင်းရာရောက်လို့ အဆီပိုထွက်ခြင်းကလည်း ကာကွယ်နိုင်ပါတယ်။ တခါတလေ Peeling Mask လေးတွေလိမ်းပြီး ခြောက်သွားတဲ့အခါ ခွာပေးပြီး ပေါင်းတင်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ဝက်ခြံတွေ ၊ အဆီခဲတွေကို တိုက်ထုတ်နိုင်ပါပြီ။