ဆားများတဲ့ အစားအစာတွေ၊ အသင့်စား အစားအသောက်တွေ၊ အစာကို ကြေညက်အောင် မစားတာ၊ အစာစားတုန်း လေဝင်တာများတဲ့အခါ ဗိုက်ဖောင်းတာ၊ ဗိုက်ပူတာ ဖြစ်တတ်ပါတယ်။ ဒီအဖြစ်ကို ပျိုမေ အများစု ကြုံဖူးမှာပါ။ Bloating က ဘာလဲဆိုတော့ အစာမစားခင် ဗိုက်က ချပ်ချပ်လေး ဖြစ်နေပေမယ့် အဆီများတာတွေ စားပြီးတာနဲ့ ဗိုက်ကြီး ပူတက်လာတာက Bloating ပါပဲ။

Photo Source: Women Working

သင့်ဗိုက်က Bloating ဆိုတဲ့ စာရဲ့အပေါ်က ပုံစံမျိုးဆိုရင် ဒီစာကို ဆက်ဖတ်သင့်ပါတယ်။

ဒီလို ဗိုက်ပူတာကို တစ်ရက်နှစ်ရက်အတွင်း သက်သာသွားစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒါကတော့ ကိုယ့်အစားအသောက်ကို ဂရုစိုက်ပေးတာပါ။ ကိုယ်က ဘယ်လိုအစားအသောက်တွေ စားရင် ချက်ချင်း ဗိုက်ပူလာတတ်လဲ။ ဘယ်ဟာကို စားရင် ဗိုက်မပူဘဲ ပုံမှန်ဖြစ်နေလဲ ကိုယ့်ကိုကိုယ် ဆန်းစစ်ဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ဗိုက်ပူတာကို အမြန်သက်သာစေမယ့် စားသောက်ပုံတွေကို ဖော်ပြပါရစေ။

၁။ သံပယိုရည်ဖျော်ရည်သောက်ပါ

ဗိုက်ပူတဲ့နေ့တွေမှာ အဆိပ်အတောက်တွေ ပြယ်စေမယ့် သံပယိုရည်ဖျော်ရည်သောက်သင့်ပါတယ်။ သင်သောက်မယ့် ရေဘူးထဲ သံပယိုရည်ညှစ်ပြီး တစ်နေ့လုံး သောက်နိုင်ပါတယ်။

၂။ စားသောက်ပုံ ၁

သင့်ရဲ့ အစားအသောက်ထဲမှာ ကြက်ဥပြုတ်နဲ့ ထောပတ်သီးကို ပါဝင်အောင် စားသင့်ပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီကိုပါ ထည့်စားသင့်ပါတယ်။ အဆာပြေမုန့်အနေနဲ့ အချိုတွေ မစားဘဲ စတော်ဘယ်ရီသီးနဲ့ ဘယ်ရီသီးတွေကို စားပေးရပါမယ်။

၃။ စားသောက်ပုံ ၂

စားသောက်ပုံ နောက်တစ်မျိုးကတော့ ကြက်ရင်အုံပြုတ်ကို ဂေါ်ဖီပြုတ်၊ မှို၊ ကန်စွန်းဥပြုတ်တို့နဲ့ ရောစားပေးရပါမယ်။ ထမင်းစားမယ်ဆိုရင်လည်း လျှော့စားပြီး ဖော်ပြထားတဲ့ အစားအသောက်တွေကို ပါဝင်အောင် စားပေးရပါမယ်။ အဆာပြေအနေနဲ့တော့ ဖရဲသီးကို စားနိုင်ပါတယ်။

၄။ စားသောက်ပုံ ၃

ဆယ်လ်မွန်ငါးကို သင်နှစ်သက်တဲ့ အသီးအရွက် တစ်မျိုးနဲ့ ကင်ပြီး စားနိုင်ပါတယ်။ Probiotics ပါဝင်တဲ့ ဒိန်ချဉ်ကို မဖြစ်မနေ သောက်ပေးရပါမယ်။

အိပ်ချိန် မှန်မှန်ထားပြီး အပေါ် မှာ ပြောထားတဲ့ စားသောက်ပုံ တွေထဲက တစ်မျိုးကို အသုံးပြုကြည့်မယ် ဆိုရင်တော့ သင့်ဗိုက်အမြန်ချပ်လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar