ဒီတစ်ခေါက်မှာတော့ အိမ်မှာနေရင်း ဆံပင် စည်းကာ အလှပြင်ချင်တဲ့ ကောင်မလေးတွေ အတွက် ရည်ရွယ်ပြီး ဖော်ပြပါရစေ။ သင့်ဆံပင်ပုံစံက သင့်မျက်နှာအပေါ် များစွာ သက်ရောက်မှု ရှိတာကို သင်သိပြီး ဖြစ်မှာပါ။ ဒါ့အပြင် မတူညီတဲ့ ဆံပင်ပုံစံတွေက သင့်အလှကို ပုံစံမတူဘဲ ပြောင်းလဲစေပါတယ်။

သင်ပြင်ဆင်နိုင်ဖို့ ရွေးချယ်လို့ရတဲ့ ဆံပင်စတိုင်လည်း အမျိုးမျိုး ရှိပါတယ်။ ဒီဆံပင်စတိုင်တွေထဲကမှ အလှဆုံး ပုံစံတွေကို ဖော်ပြပါရစေ။ သင်က ဖော်ပြပါ ဆံပင်စတိုင်တွေကြောင့် တစ်ရက်တာ လှသွားမှာ မလွဲမသွေပါပဲ။

ပုံမှန် သိပ်မခက်တဲ့ ဆံပင်စည်းပုံ

ဒီဆံပင်စည်းနည်းအတွက် လိုအပ်တာက အရောင်ပါတဲ့ ခေါင်းစည်းကြိုး ဆင်တူနှစ်ခုပါ။ သင့်ဆံပင်ကို ချစ်ဖို့ ကောင်းတဲ့ ခေါင်းစည်းကြိုးနဲ့ ဘေးနှစ်ဘက် စည်းရုံပါပဲ။

Ponytail

ဆံပင်ကို အမြင့်စည်းကာ ခေါင်းစည်းကြိုး အကြီးနဲ့ စည်းလိုက်တာက ထက်မြက်တဲ့ မိန်းကလေးပုံစံ ပေါက်စေမှာပါ။

Pigtail

ပထမစည်းပုံလို ဆံပင်နှစ်ဘက်စည်းကိုမှ အမြင့်စည်းရတဲ့ စတိုင်ပါ။ ဒီအမြင့်စည်းလေးမှာမှ အရောင်တောက်တဲ့ ခေါင်းစည်းကြိုးလေး ပတ်ပေးရမှာပါ။

Bun

ဆံထုံးနှစ်ဘက်ထုံးကာ ဆံပင်ချထားတဲ့ ပုံစံလေးက အမြင်ဆန်းနေစေမှာပါ။

Braid

ကျစ်ဆံမြီး နှစ်ဘက်ကျစ်လေးက ချစ်ဖို့ကောင်းတဲ့ ကောင်မလေး အဖြစ် ပြောင်းလဲစေမှာပါ။

Wavy/Curls

သင်က စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ဆံပင်ချထားတာကိုမှ ပြေပြေလေး ကောက်နိုင်ပါတယ်။

နဖူးဖော်မယ်

ရင့်ကျက်တဲ့ မိန်းကလေးပုံစံကို ပိုင်ဆိုင်ချင်ရင်တော့ ဆံပင်ရှေ့မချဘဲ နဖူးဖော်တဲ့ စတိုင်လေး လုပ်သင့်ပါတယ်။

ဆံပင်တိုကို Hair Bang နဲ့

ဆံပင်တိုညှပ်ထားတဲ့ ကောင်မလေးတွေအတွက် ဒီဆံပင်စတိုင်က အခွင့်အရေးပါပဲ။ ဂျပန်မလေးလို ချစ်ဖို့ကောင်းချင်တယ်ဆိုရင်တော့ ဆံပင်တိုနဲ့ အတူ Hair bang ချနိုင်ပါတယ်။

Hair Accessories

သင်က ဆံပင်စည်းရတာကို သဘောမကျရင် ကလစ်လှလှလေးတွေ၊ ခေါင်းစည်းကြိုး လှလှလေးတွေကို ဆောင်ထားဖို့ လိုပါမယ်။

Photo Source: Pinterest

By MyStyle Myanmar