မင်္ဂလာပါ… ပျိုမဒီတို့ရေ…အိုမင်းခြင်းရဲ့လက္ခဏာဖြစ်တဲ့ မျက်လုံးအောက်က Fine Lines တွေကို ဘယ်သူမှမလိုချင်ကြပါဘူး။ မှန်ထဲမှာ သတိထားမိတဲ့ ဒီအစင်းကြောင်းတွေနဲ့ အရေးအကြောင်းတွေက နေရောင်ကြောင့် ပျက်စီးပြီး အသက်ကြီးလာတာနဲ့အမျှ အရေပြားမှာ Collagen နဲ့ Elastin လျော့နည်းလာတာကြောင့်ပါ။

ဒီ Fine Lines တွေပျောက်ဖို့နဲ့ တောက်ပပြီး ငယ်ရွယ်နုပျိုတဲ့အသွင်ကို ရရှိစေဖို့ဆိုရင် ဒီအချက်တွေကို လိုက်နာပေးပါ။

ပက်လက်အိပ်ပါ

အိပ်တဲ့အခါ မှောက်အိပ်တာက မျက်နှာရဲ့ နူးညံ့တဲ့အသားအရေကို ထိခိုက်စေပါတယ်။ မျက်နှာနဲ့ခေါင်းအုံးပွတ်တိုက်မှုက မျက်နှာအရေးကြောင်းကို ပိုဖြစ်စေပြီး ခေါင်းအုံးက အညစ်အကြေးနဲ့ အဆီတွေက အသားအရေပျက်စီးမှုကို တိုးစေပါတယ်။

ရေသောက်ပါ

ရေငတ်ရင် ရေများများသောက်ပါ။ ရေဓာတ်ခမ်းခြောက်တာက စွမ်းအင်ပမာဏနဲ့ ဦးနှောက်လုပ်ဆောင်ချက်ကို ထိခိုက်စေတဲ့အပြင် မျက်လုံးအောက်မှာ Fine Lines တွေဖြစ်ပေါ်စေပါတယ်။

မျက်လုံးကို မပွတ်ပါနဲ့

မျက်လုံးအောက်မှာရှိတဲ့အရေပြားက နူးညံ့ပြီး ပါးလွှာပါတယ်။ ဒါကြောင့် မျက်လုံးကိုပွတ်မိတိုင်း မျက်လုံးအောက်က နူးညံ့တဲ့ အသားအရေကို ပျက်စီးစေနိုင်ပါတယ်။

မိတ်ကပ်ဖျက်တဲ့အခါ ဖြည်းဖြည်းဖျက်ပါ

Eye Makeup ဖျက်တဲ့အခါ ကြမ်းကြမ်းပွတ်ဆွဲတာတွေက မျက်လုံးအောက်မှာရှိတဲ့ အဆီ သို့မဟုတ် ကြွက်သားတို့ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်ဖျက်တဲ့အခါ ဖြည်းဖြည်းဖျက်ပါ။ ဖျက်ရခက်တဲ့မိတ်ကပ်ဖျက်မယ်ဆို အရည်အသွေးကောင်းတဲ့ မိတ်ကပ်ဖျက်ဆေးကို သုံးပေးပါ။

UV အကာအကွယ်နေကာမျက်မှန်တပ်ပါ

ခရမ်းလွန်ရောင်ခြည်တွေက 80% အထိ စိမ့်ဝင်နိုင်တာ သင်သိပါရဲ့လား ? နေကာမျက်မှန်က အဖိုးတန်မျက်လုံးများကို လျော့ပါးမသွားအောင် တားဆီးပေးရုံသာမက Fine Lines ဖြစ်ခြင်းနဲ့ မျက်လုံးတစ်ဝိုက်က အရေပြားကို နေရောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။

Eye Cream ကောင်းကောင်းသုံးပေးပါ

အသက် 20+ တိုင်းEye Cream သုံးသင့်ပါပြီ။ မျက်လုံးအောက်အတွက် အထူးဖော်စပ်ထားတဲ့ Eye Cream ကောင်းကောင်းကိုသုံးပေးရင် ရလာတဲ့ အကျိုးကျေးဇူးတွေက သိသာထင်ရှားပါတယ်။