မှန်ထဲမှာ သတိထားမိလာတဲ့ မျက်လုံးနားတစ်ဝိုက်က ကျီးကန်းခြေထောက်တွေနဲ့ အရေးအကြောင်းတွေက နေရောင်ကြောင့် ပျက်စီးပြီး အသက်ကြီးလာတာနဲ့အမျှ အရေပြားမှာ Collagen နဲ့ Elastin လျော့နည်းလာတာကြောင့်ပါ။ ဒီလိုအရေးအကြောင်းတွေနဲ့ မျက်ကွင်းညိုတာတွေကို ကာကွယ်ဖို့နဲ့ လျော့ပါးစေဖို့ဆို ဒီနည်းလမ်းတွေကို မဖြစ်မနေလိုက်နာပေးပါ။

ပက်လက်အိပ်ပါ

မှောက်အိပ်လို့ ခေါင်းအုံးနဲ့မျက်နှာပွတ်တိုက်မိတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေကို ဖြစ်စေပြီး မျက်နှာရဲ့ နူးညံ့တဲ့အသားအရေကို ထိခိုက်စေပါတယ်။ ဒါကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးဖို့ အိပ်တဲ့အခါ ပက်လက်အိပ်ပေးပါ။

ရေသောက်ပါ

ရေငတ်ရင် ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝနေစေဖို့ အိပ်ရာမ၀င်ခင် ၃-၄ နာရီအလိုမှာ ရေကို မဖြစ်မနေသောက်ပေးပါ။

မျက်လုံးကို မပွတ်ပါနဲ့

မျက်လုံးအောက်က အရေပြားက နူးညံ့ပြီးပါးတာမလို့ အတင်းပွတ်တဲ့အခါ မျက်လုံးအောက်က နူးညံ့တဲ့ အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး မျက်လုံးကို မပွတ်ပါနဲ့ ။ အထူးသဖြင့် မျက်ကပ်မှန်တပ်သူများ ပိုသတိထားပါ။

Remover ကို ဖြည်းဖြည်းသုံးပါ

Eye Makeup တွေ Eyeshadow တွေ ဖျက်ဖို့ Remover သုံးတဲ့အခါ အတင်းပွတ်ဆွဲမယ့်အစား ဖြည်းဖြည်းချင်းဖျက်ပါ။

နေကာမျက်မှန်တပ်ပါ

နေကာမျက်မှန်က မျက်လုံးကို ခရမ်းလွန်ရောင်ခြည်မထိအောင် တားဆီးပေးရုံသာမက မျက်လုံးတစ်ဝိုက်က အရေပြားကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Sunblock သုံးပါ

ခရမ်းလွန်ရောင်ခြည်ကနေကာကွယ်ဖို့ SPF 30 နဲ့ အထက်ရှိတဲ့ Sunscreen ဒါမှမဟုတ် Makeup ကို မဖြစ်မနေသုံးပေးပါ ။

Eye Cream သုံးပါ

အရေးကြောင်းတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ အသက် 20 ကျော်တဲ့သူတိုင်း မျက်လုံးအောက်အတွက် အထူးဖော်စပ်ထားတဲ့ Eye Cream သုံးပေးဖို့လိုအပ်ပါတယ်။