ခွန်အားတွေထဲမှာ စိတ်စွမ်းအားဟာ အကြီးကျယ်ဆုံး ခွန်အားဖြစ်ပါတယ်။ ကမ္ဘာကို အုပ်စိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ အထူးခြားဆုံး အရည်အချင်းတွေထဲက တစ်ခုကလည်း Willpower လို့ခေါ်တဲ့ စိတ်စွမ်းအား။ ဒီစွမ်းအားမျိုးကို သင်လည်း လေ့ကျင့်နိုင်ပါတယ်။ ဘယ်လို လေ့ကျင့်ရမလဲဆိုတော့

(၁) ကိုယ့်ကိုယ်ကိုယ် သံဓိဌာန်ပြုပါ

Photo: Shutterstock

Willpower ကောင်းချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် စည်းကမ်းထားပြီး အဲ့စည်းကမ်းကို တသွေမတိမ်း လိုက်နာရပါမယ်။ ဆိုပါစို့ ။ တစ်ပတ်ကို Gym ၄ ရက် ကစားမယ်ဆိုရင် ဖြစ်အောင် ကစားပါ။ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနေပါ။ ပျင်းနေတဲ့ ၊ ကတိဖျက်ချင်တဲ့ စိတ်ကို ဆုံးမနိုင်ရင် စိတ်စွမ်းအားတွေ တက်လာမှာ ဖြစ်ပါတယ်။

(၂) စိတ်ကူးယဉ် မျှော်မြင်မှု သုံးပါ

Photo: Shutterstock

စိတ်ကူးစွမ်းအားဟာ Willpower ကောင်းဖို့အတွက် အားကောင်းတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခုခုကို စိတ်ကူးကြည့်တဲ့အခါ ခန္ဓာကိုယ်ဟာ တကယ်ဖြစ်နေတဲ့အတိုင်း ပြန်တုန့်ပြန်ပါတယ်။ ဥပမာ – ကမ်းခြေတစ်ခုမှာ ရောက်နေတယ်လို့ တွေးကြည့်လိုပါ။

လှိုင်းပုတ်သံတွေ ကြားနေရပြီး ကျယ်ပြောလွတ်လပ်လှတဲ့ ပင်လယ်မြင်ကွင်းကို မြင်နေရမယ် ၊ လတ်ဆတ်တဲ့ ဆားနံ့ပါ လေသန့်သန့်လေး ရှုနေရတယ်လို့ တွေးလိုက်တာနဲ့ ခန္ဓာကိုယ်ဟာ ပြေလျော့ပြီး အနားရသွားတာ ခံစားရပါလိမ့်မယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ စိတ်စွမ်းအားကိုလည်း မွေးယူ ၊ တွေးခေါ် စိတ်ကူးယူကြည့်ပါ။ လက်တွေ့ဘဝပါ အပြောင်းအလဲ ဖြစ်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။

(၃) တစ်ဆင့်ချင်းသွားပါ

Photo: Shutterstock

တစ်ကြိမ်မှာ ခြေတစ်လှမ်း မူဝါဒနဲ့ Willpower ထူထောင်ပါ။ ကိုယ့်စိတ်ကို အောင်နိုင်ဖို့ အရင်ဆုံး ဖြစ်နိုင်ခြေ ရှိတဲ့ ရည်မှန်းချက်တွေ ၊ လုပ်ဆောင်မှုတွေက စတင်ပါ။ တစ်ကြိမ်မှာ ခြေတစ်လှမ်းပဲစပါ။ ပန်းတိုင်တစ်ခုစီ ရောက်လာတာနဲ့အမျှ စိတ်ကို ဖြည်းဖြည်းချင်း နိုင်လာပါလိမ့်မယ်။