Gym သွားဖို့ အချိန်မပေးနိုင်သူတွေအတွက်ရော ‌ပြင်းထန်တဲ့လေ့ကျင့်ခန်း မလုပ်နိုင်တဲ့သူတွေအတွက်ပါ အထူးသင့်တော်ပြီး အလွယ်ကူဆုံးဖြစ်စေမယ့် နည်းလမ်းကောင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း လမ်းလျှောက်ခြင်းက ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းက အဝလွန်ခြင်းကို လျော့ကျစေပြီး နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်စေကာ စိတ်ဖိစီးမှုကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

ဒါတွေမကသေးပါဘူးနော်။ ခန္ဓာကိုယ် သွယ်လျလှပချင်သူများ၊ တင်ပါးလေး ကိတ်ပြီး ခြေသလုံးနဲ့ ပေါင်တံတို့မှာလည်း အဆီပိုတွေ ဖယ်ရှားချင်သူများအတွက် လမ်းလျှောက်လေ့ကျင့်ခန်းက အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပဲဆိုတာကိုရော စာဖတ်သူတို့ သိပြီးပါပြီလား။ ဒါပေမဲ့ လမ်းလျှောက်ပုံ လမ်းလျှောက်နည်းကတော့ မှန်ကန်နေဖို့ လိုပါတယ်။

တောင်ကုန်းပေါ်သို့ လမ်းလျှောက်တက်ပါ

သင့် အိမ်အနီးပတ်ဝန်းကျင်မှာ တောင်ကုန်းအမြင့်ရှိတဲ့နေရာတစ်နေရာကို ရွေးချယ်လိုက်ပါ။ တောင်ကုန်းက ပိုစောင်းပြီး ပိုမြင့်လေ သင့် တင်ပါး ပိုကိတ်လာနိုင်ချေ များလေပဲဖြစ်ပါတယ်။ တောင်ကုန်းပေါ်အထိ မနားပဲ လမ်းလျှောက်တက်သွားပါ။ ထိုတောင်ကုန်းအမြင့်ပေါ် ရောက်သွားတဲ့အခါ ဖြည်းဖြည်းမှန်မှန်လေး လမ်းလျှောက်ပြန်ဆင်းလာပါ။ စုစုပေါင်း ၁၀ ကြိမ်ကနေ ၁၂ ကြိမ်အထိ ပြုလုပ်ပေးရပါမယ်။

များများနဲ့ မြန်မြန်လျှောက်ပါ

ဒီလမ်းလျှောက်နည်းကတော့ စွမ်းအင်အမြောက်အမြား အသုံးပြုရပါမယ်။ လေ့ကျင့်ခန်း မစခင်မှာ ကိုယ်က ဘယ်နှုန်းနဲ့ လမ်းလျှောက်နိုင်မလဲဆိုတာကို သတ်မှတ်ထားပါ။ ထိုနှုန်းအတိုင်း တသတ်မှတ်တည်း လမ်းလျှောက်ရပါမယ်။ ထိုသတ်မှတ်နှုန်းအတိုင်း မိနစ် ၆၀ ပြည့်အောင် လမ်းလျှောက်ပေးလိုက်ပါ။

အခုဖော်ပြသွားတဲ့ လမ်းလျှောက်နည်း (၃) မျိုးထဲက မိမိကြိုက်နှစ်သက်ရာ တစ်မျိုးကို ၁၀ ရက်အတွင်း ပြုလုပ်ပေးလိုက်ပါ။ ၁၀ ရက်အတွင်း အကျိုးထူးမှာပဲဖြစ်ပါတယ်။

တကယ်တော့ လေ့ကျင့်ခန်းတွေက ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေ မဟုတ်ပါဘူး။ အမှန်တကယ် အချိန်ပေးနိုင်ပြီး ကိုယ်အလေးချိန်ထိန်းချင်စိတ်သာ ရှိမယ်ဆိုရင် သင့်ရဲ့ စိတ်ကူးအိပ်မက်တွေ အမှန်တကယ် ပြည့်ဝလာမှာပဲဖြစ်ပါတယ်။

ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်ခြင်းနှင့် အမြန်လမ်းလျှောက်ခြင်းကို တစ်လှည့်စီပြုလုပ်ပါ

လေ့ကျင့်ခန်း စလုပ်တော့မယ်ဆိုရင် ၅ မိနစ်၊ ၁၀ မိနစ်ခန့်ကို သွေးပူလေ့ကျင့်ခန်းပြုလုပ်တဲ့အနေနဲ့ မှန်မှန်လေးပဲ လမ်းလျှောက်ပေးရပါမယ်။ ထို့နောက် ၁.၅ ကီလိုမီတာ (သို့) ၂.၅ ကီလိုမီတာခန့် လမ်းလျှောက်တဲ့အခါမှာတော့ အမြန်လျှောက်ပေးရပါမယ်။ မိမိသတ်မှတ်ထားတဲ့ အကွာအဝေးပြည့်သွားပြီဆိုရင် နောက်ထပ်ကျန်တဲ့ ငါးမိနစ်ခန့်ကို ဖြည်းဖြည်းမှန်မှန်လေး လမ်းလျှောက်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းလေးကို တစ်ကြိမ်ကို ၂၅ မိနစ်စီပြုလုပ်ပေးရမှာဖြစ်ပြီး စုစုပေါင်း ၅ ကြိမ်ပြုလုပ်ရပါမယ်။

Source: Brightside.me