သင့်ချစ်သူနဲ့ သင့်သူငယ်ချင်းတွေထဲမှာ ဓာတ်ပုံလှလှလေး ရအောင် ရိုက်ပေးနိုင်သူ ရှိသလို ကိုယ်ရိုက်ပေးတာကျ လှပြီး ကိုယ့်ကို ပြန်ရိုက်ခိုင်းတဲ့အခါကျ ဘယ်လိုမှ မရိုက်ပေးတတ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေလည်း ရှိပါတယ်။ ကံမကောင်းစွာနဲ့ သင့်ကောင်လေးကိုယ်တိုင်တောင် ဒီလို မရိုက်တတ်တဲ့အထဲ ပါဝင်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူငယ်ချင်း၊ ချစ်သူက ဓာတ်ပုံရိုက်တတ်တတ် မတတ်တတ် သင်ကိုယ်တိုင် သူတို့ကို ပြောပြနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။ အောက်ဖော်ပြပါ နည်းလမ်းတွေကို သိထားရင် သင်ပုံလှလှလေးတွေ အရင်ထက် ပိုင်ဆိုင်လာပါလိမ့်မယ်။ အရင်ထက်လည်း ဓာတ်ပုံရိုက်တဲ့အချိန် အခက်မတွေ့နိုင်တော့ပါဘူး။

၁။ နေရာလပ်

တခြားသူကို ဓာတ်ပုံရိုက်ခိုင်းတဲ့အခါ သင့်ဘေးနားက နေရာလပ်ကို ကြည့်ခိုင်းရပါမယ်။ သင့်ဘေးက ဘယ်ညာ နေရာ နှစ်ဘက်က တူညီပြီး အရိုက်ခံတဲ့ သင်က အလယ်မှာ ရှိနေသင့်ပါတယ်။ ဒီလိုဆိုရင် ဓာတ်ပုံက အရင်ထက် ပိုအချိုးကျပြီး ပိုအရည်အသွေးမှီလာပါလိမ့်မယ်။ Iphone မှာဆိုရင် Grid Line ပါတာမို့ ပိုအဆင်ပြေပါတယ်။

၂။ သင့်ပုံစံကို ကြည့်ခိုင်းပါ

များသောအားဖြင့် ဓာတ်ပုံသေချာ မရိုက်ပေးသူအများစုက စိတ်မရှည်တာ၊ ရိုက်ပေးတဲ့ပုံကို သေချာမကြည့်ပေးတာတွေ ကြောင့်ပါ။ ဒီတစ်ခေါက် သူတို့ကို ဓာတ်ပုံရိုက်ခိုင်းတဲ့အခါ သင့်ပုံစံ လှရဲ့လား သင်က မေးသင့်ပါတယ်။ ဘယ်လိုအနေအထား ပိုအဆင်ပြေလဲ သူတို့ကို သေချာ ကြည့်ခိုင်းသင့်ပါတယ်။

၃။ နမူနာပုံတွေ ပြပေးပါ

ရိုက်ပေးတဲ့သင့်သူငယ်ချင်းတွေက Photographer မဟုတ်တာကြောင့် သူတို့အပြစ်လို့လည်း ပြောမရပါဘူး။ သင့်အနေနဲ့ ပုံမရိုက်ခင်တည်းက သင်ကြိုက်တဲ့ နမူနာ ပုံစံ၊ ဓာတ်ပုံလေးတွေကို သူတို့ဆီ ပြသင့်ပါတယ်။ “ငါကတော့ ဒီလိုပုံစံ ရိုက်ချင်တယ်.. အဆင်ပြေရဲ့လား” စသဖြင့် မေးမြန်းပြီး ရိုက်ခိုင်းသင့်ပါတယ်။

၄။ ပုံအများကြီး ရိုက်ခိုင်းပါ

သင့်ကို ခင်တဲ့ သူငယ်ချင်း၊ ချစ်တဲ့ ချစ်သူဆိုရင်တော့ သင့်ပုံကို လှလှလေး ရစေချင်မှာပါ။ ဒါကြောင့် သူတို့ကို ဓာတ်ပုံရိုက်ခိုင်းတဲ့အချိန် တစ်ပုံတည်း မရိုက်ခိုင်းဘဲ တောက်လျှောက်သာ Click Click လုပ်ခိုင်းသင့်ပါတယ်။ ဒီလိုဆိုရင် လှတဲ့ ပုံတစ်ပုံလောက်တော့ ထွက်လာမှာပါ။

၅။ သူတို့ကို Direction ပြောပြပါ

သင့်သူငယ်ချင်းက ဓာတ်ပုံလုံးဝ မရိုက်တတ်တဲ့အခါ ကိုယ်တိုင် သင်ပေးရမှာ သင်ကိုယ်တိုင် ဖြစ်တာမို့လို့ သူတို့ကို အကုန်ပြောပြသင့်ပါတယ်။ သင်က အဓိက စိတ်ရှည်သင့်ပါတယ်။ ဘယ်နေရာ အလင်းပိုကောင်းလဲ၊ ဘယ်ဒေါင့်က ပိုလှလဲ သင်ပိုသိအောင် လုပ်ထားဖို့ လိုပါတယ်။

၆။ သင်က အရင်ချိန်ပေးထားပါ

ရိုက်ဖို့ နေရာကောင်းတွေ့ပြီဆိုတာနဲ့ သင်အရင် ကင်မရာကို ကိုင်ပြီး Low Angle လား၊ Medium Angle လား အရင်ချိန်သင့်ပါတယ်။ ဒါပြီးမှ သင့်ချစ်သူ၊ သူငယ်ချင်းကို ဒီအနေအထားအတိုင်းပဲ ကိုင်ပြီး ဓာတ်ပုံရိုက်ဖို့ ပြောနိုင်ပါတယ်။

၇။ ပုံကို ချက်ချင်းပြန်ကြည့်ပါ

သင့်ကို ဓာတ်ပုံရိုက်ခိုင်းပြီးတာနဲ့ ပုံလှမလှ အရင် သွားကြည့်သင့်ပါတယ်။ ဒီလိုဆိုရင် ဘယ်လိုပုံစံက သင်နဲ့ ပိုအဆင်ပြေလဲ၊ ဘယ်ပို့စ်က ပိုလှလဲ သိနိုင်ပြီး ဒီထက်လှတဲ့ပုံကို ပိုရိုက်နိုင်ပါလိမ့်မယ်။

ဓာတ်ပုံမရိုက်တတ်တဲ့ သင့်သူငယ်ချင်း၊ ချစ်သူကို Mention ခေါ်ဖို့ မမေ့နဲ့နော်။

Photo source: Pinterest

By MyStyle Myanmar