ကြောင်ချစ်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ကြောင်လေးတွေနဲ့ ဘယ်လိုချစ်ဖို့ကောင်းအောင် ဓာတ်ပုံရိုက်လို့ရမလဲဆိုတဲ့ ဓာတ်ပုံရိုက်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာလည်း ဝါသနာပါတယ်၊ ကြောင်လည်းချစ်တယ်ဆိုရင်တော့ ကိုယ့်ကြောင်လေးနဲ့တူတူ အမှတ်တရဖြစ်အောင် ဒီလိုလေးတွေ ရိုက်ကြည့်လိုက်နော်။

ကြောင်လေးကို ဒီလိုချီထားပြီး ပြုံးရယ်ကာ ငုံ့ကြည့်နေတဲ့ပုံလေး ရိုက်ကြည့်ပါ။

Selfie ရိုက်မယ်ဆိုရင်လည်း ချစ်ဖို့ကောင်းအောင် ဒီလိုလေးရိုက်လို့ရပါသေးတယ်။

ဒီပုံလေးဆိုရင် ရိုက်ကိုရိုက်ကြည့်သင့်တဲ့ ပုံလေးပါပဲ။ မျက်လုံးလှလှလေးလည်း ပေါ်လွင်ပြီးတော့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ကြောင်လေးနဲ့ ဒီလိုရိုက်တာမျိုးလေးဆိုရင် သူများနဲ့မတူပဲ ချစ်ဖို့ကောင်းပါတယ်။

ကြောင်လေးနဲ့လည်း တူတူ Mirror Selfie ရိုက်လို့ရသေးတယ်နော်။ ပွေ့ချီထားတာမျိုးလေးက သူများတွေလည်း ရိုက်နေကျပဲဆိုရင် ဒီလိုလေးလက်နဲ့ပိုက်ထားပြီး ရိုက်ကြည့်ပါ။ ကြောင်လေးက ပိုချစ်ဖို့ကောင်းသွားပါတယ်။

ကြောင်လေးနဲ့ပါးချင်းကပ်ပြီး ဒီလိုလေးလည်း ရိုက်ကြည့်နော်။ အရမ်းချစ်ဖို့ကောင်းတာ။

ကိုယ့်ကြောင်လေးကို နမ်းနေတဲ့ပုံလေးကိုလည်း ဒီလိုချစ်ဖို့ကောင်းအောင် ရိုက်လို့ရပါသေးတယ်။

သေချာလေးထိုင်ပြီး Photoshoot လိုမျိုး ရိုက်မယ်ဆိုရင်တော့ Lisa ရဲ့ ဒီပုံလေးတွေအတိုင်း ရိုက်ကြည့်နော်။ ကြောင်ရောလူရော အရမ်းချစ်ဖို့ကောင်းပါတယ်။

ကိုယ့်မျက်နှာမပါချင်ရင် နောက်ကျောပေးပြီး ဒီလိုပုံလေးတွေလည်း ရိုက်လို့ရပါသေးတယ်။

ဒါကတော့ ကြောင်မြင်တာနဲ့မနေနိုင်တဲ့သူလေးတွေအတွက် ရိုက်လို့အကောင်းဆုံးပုံလေးပါပဲ။

Photo source:www.pinterest.com