သင်က ဓာတ်ပုံရိုက်တဲ့အချိန်တိုင်း ရိုက်ပေးမယ့်သူမရှိတာကြောင့် အမြဲအားငယ်နေရသူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဓာတ်ပုံရိုက်ပေးမယ့်သူရှိမှ ဓာတ်ပုံကောင်းထွက်တာ မဟုတ်ပါဘူး။ အိုင်ဒီယာကောင်းကောင်းနဲ့ တစ်ယောက်တည်း ဖန်တီးရိုက်ရင်လည်း ပိုလှတဲ့ ဓာတ်ပုံတွေ ပိုင်ဆိုင်နိုင်ပါတယ်။တစ်ယောက်တည်းလုပ်တာကြောင့် ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုသလို ကိုယ်ကြိုက်တဲ့ Pose ပေးနိုင်ပါတယ်။ဒီတော့ တစ်ယောက်တည်း ရိုက်နိုင်မယ့် နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ Phone နဲ့ Video ရိုက်ထားပါ

Photo Source: www.walmart.com

သင့်ကို ဘယ်လိုနေရင် လှမလဲ ပြောမယ့်သူ မရှိတာကြောင့် ကိုယ်ဘယ်လိုနေရင် လှမလဲ သိနိုင်ဖို့ Pose အမျိုးမျိုးပေးပြီး Video ရိုက်ထားသင့်ပါတယ်။ Video ရိုက်ထားတာကို ဓာတ်ပုံအဖြစ် ပြန်ပြောင်းလဲနိုင်ပါတယ်။

၂။ Phone တင်ဖို့

Photo Source: iStock

Phone ထားဖို့ နေရာတစ်ခု ရှိဖို့လိုအပ်ပါတယ်။ Tripod ရှိရင် ပိုအဆင်ပြေပါတယ်။ သင် ထားတဲ့ နေရာက အောက်ဘက် Angle ဖြစ်ရပါမယ်။ အောက်ဘက်က ရိုက်တာကြောင့် သင့်ကို အရပ်ရှည်တယ် ထင်ရစေပါတယ်။

၃။ ဖြည်းဖြည်းပဲ လှုပ်ရှားပါ

Photo Source: Pinterest

သင့် Pose တွေကို Video ရိုက်တဲ့အခါ ဖြည်းဖြည်းပဲ Pose ပြောင်းပေးသင့်ပါတယ်။ လှုပ်ရှားတာ မြန်နေရင် Phone က သေချာမဖမ်းနိုင်ဖြစ်ပြီး ပုံဝါးတားတားတွေ ထွက်လာပါလိမ့်မယ်။

၄။ Ss ရိုက်ထားပါ

Photo Source: Digital Trends

သင့်ရဲ့ Video pose တွေကို ပြန်ကြည့်တဲ့အခါ အလှဆုံးပုံတွေ အများကြီးထွက်လာဖို့ Screenshot ပုံများများရိုက်ထားသင့်ပါတယ်။ Video ကိုကြည့်ရင်း SS ရိုက်ထားတာကြောင့် အလှဆုံးပုံကို သေချာရွေးနိုင်ပါလိမ့်မယ်။

၅။ ဝါးတာဖျောက်ဖို့

Photo Source: TECHhow

ဓာတ်ပုံမဟုတ်ဘဲ Video ဖြစ်တာကြောင့် ထွက်လာတဲ့ ဓာတ်ပုံတွေက လှုပ်ရှားမှုကြောင့် ဝါးနေနိုင်ပါတယ်။ ဒီဝါးတာကို ဖျောက်ပေးတဲ့ Application တွေနဲ့ ပြန်ပြင်နိုင်ပါတယ်။ ဥပမာ- Remini app ပါ။

သင်က Pose ပေးနည်း၊ Edit နည်းနဲ့ အကြံပေးချက်တချို့ကို သိထားမယ်ဆိုရင် ရိုက်ပေးမယ့်သူ မရှိလည်းအေးဆေးပါပဲ။

By MyStyle Myanmar