ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ဒီတစ်ခေါက်မှာ Selfie ရိုက်ရတာကြိုက်တဲ့ပျိုမေတို့အတွက် မျက်နှာနဲ့ခန္ဓာကိုယ်အပေါ်ပိုင်း မကြီးစေဘဲ အထာကျပြီးကြည့်ကောင်းတဲ့ပုံမျိုးရစေဖို့ ရိုက်နည်းအိုင်ဒီယာတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။
Selfie တိုင်းမှာလှနေဖို့ ကိုယ့်မျက်နှာမိတ်ကပ် Look နဲ့ ပိုစ့်ကောင်းကောင်းပေးတတ်ဖို့အပြင် ရူထောင့်မှန်မှန်ကန်ကန်ကနေ ရိုက်တတ်ဖို့လည်း အရေးကြီးပါတယ်။ အောက်မှာဖော်ပြထားတဲ့နည်းတွေက တစ်ယောက်ထဲပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် Selfie ရိုက်တဲ့အခါ ထင်းပြီးလှနေစေဖို့ ကူညီပေးပါလိမ့်မယ်။

၁။ အလင်းရောင်ကအရေးအကြီးဆုံးပါပဲ

အလင်းရောင်ကောင်းကောင်းရှိတဲ့နေရာက မျက်နှာမှာရှိတတ်တဲ့ အပြစ်အနာအဆာတွေနဲ့ မျက်ကွင်းညိုတာတွေကို မမြင်ရအောင်ပြုလုပ်ပေးနိုင်ပြီး သင့်မျက်နှာကို Glow နေစေပါတယ်။ ဒါကြောင့် Selfie ရိုက်တဲ့အခါ သင့်မျက်နှာကို သဘာဝအလင်းရစေမယ့် ပြတင်းပေါက်နား ဒါမှမဟုတ် အပြင်ထွက်ပြီး ရိုက်ကြည့်သင့်ပါတယ်။

၂။ ခေါင်းကိုရှေ့ထုတ်ပြီး အနည်းငယ်မော့ထားပါ

ခေါင်းအနည်းငယ်မော့ပြီးရှေ့ထုတ်ထားတာက လည်ပင်းရှည်သွယ်ပုံပေါက်စေပြီး မေးရိုးထင်းထင်းလေးရစေပါတယ်။ ပခုံးပေါ်အင်္ကျီဝတ်ထားသူတွေအနေနဲ့ ပုခုံးနှစ်ဖက်ကိုချဲ့ပြီး အောက်ချထားတာကလည်း သင်လည်ပင်းညှပ်ရိုးတွေပေါ်ပြီး ဆွဲဆောင်မှုရှိနေစေမှာပါ။

၃။ ဓာတ်ပုံရိုက်ခါနီးမှာ သင့်လျှာကို အပေါ်သွားဖုံးနဲ့ကပ်ထားပါ

လျှာကို အပေါ်သွားဖုံးနဲ့ကပ်ထားတာက သင့်မေးစေ့ကိုတင်းရင်းစေပြီး မေးနှစ်ထပ်မပေါ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ မော်ဒယ်လ်တွေလိုခပ်ချေချေနဲ့ အထာကျတဲ့ပုံစံမျိုးရစေမှာပါ။

၄။ Camera ကိုမျက်နှာနဲ့အရမ်းမကပ်ထားသင့်ပါဘူး

Selfie ရိုက်တဲ့အခါ မျက်နှာနဲ့အရမ်းကပ်တာက သင့်မျက်နှာကိုကြီးစေတာကြောင့် ပုံပါအတိုင်း သင့်တံတောင်အနည်းငယ်ကွေးရုံအနေအထားကထားပြီး အပေါ်နည်းနည်းထောင်ပေးပါ။ သင့်မျက်နှာကိုလည်း ဘေးဘက်အနည်းငယ်လှည့်ပေးပြီး မျက်နှာဘေးရူထောင့်ဘက်ကနေ Camera ကိုချိန်ပေးသင့်ပါတယ်။

၅။ နေကာမျက်မှန်တပ်ပြီးရိုက်ကြည့်ပါ

နေကာမျက်မှန်တွေက မျက်နှာသွယ်ပုံပေါက်စေပြီး မိတ်ကပ်မပါလည်းကြည့်ကောင်းတဲ့ Selfie လေးကိုရစေပါတယ်။ အထာကျပြီး ဆွဲဆောင်မှုလည်းရှိစေတာကြောင့် နေကာမျက်မှန်တပ်ပြီး ပိုစ့်ပေးကြည့်ပါ။

၆။ မှန်ထဲကနေ Mirror Selfie ရိုက်ကြည့်ပါ

မျက်နှာအနီးကပ်ပေါ်တာမကြိုက်တဲ့သူတွေအနေနဲ့ Mirror Selfie ရိုက်ကြည့်ပါ။ လူငယ်မိန်းကလေးတွေအတွက် အထာကျစေတဲ့ရိုက်နည်းဖြစ်ပြီး ကိုယ့်ရဲ့အမိုက်စား Outfit တွေကိုလည်း ပေါ်လွင်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar