မိန်းကလေးတော်တော်များများကတော့ ဆယ်လ်ဖီဆွဲရတာ၊ ဓာတ်ပုံရိုက်ရတာကို ဝါသနာပါကြတာများပါတယ်။ အခုနောက်ပိုင်းမှာတော့ ဆယ်လ်ဖီဆွဲတာထက် ဓာတ်ပုံအရိုက်ခံကြတာများပါတယ်။ ဓာတ်ပုံရိုက်ပေးမယ့်သူမရှိလို့ပဲဖြစ်ဖြစ်၊ တစ်ယောက်ထဲပျင်းတဲ့အခါမှာပဲဖြစ်ဖြစ် ဆယ်လ်ဆွဲလို့ရအောင် သူများထက်ပိုမိုက်နေစေမယ့် ပို့စ်ပေးနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အခုနောက်ပိုင်းမှာတော့ မျက်နှာလေး Glow ဖြစ်နေအောင် နေရောင်လေးနဲ့ ဓာတ်ပုံရိုက်ကြပါတယ်။ ဒီလိုအချိန်မှာရိုက်ပေးမယ့်သူမရှိရင် ကိုယ်တိုင်နေရောင်လေးမှာ ထွက်ပြီး ဆယ်လ်ဖီဆွဲလို့ရပါတယ်။

ဆယ်လ်ဖီဆွဲတဲ့အခါမှာ မျက်လုံးကို တခြားဘက်ကြည့်နေတဲ့ပုံလေးတွေ ရိုက်တာကလည်း ချစ်စရာကောင်းပါတယ်။ ကင်မရာကိုကြည့်ပြီး ဆယ်လ်ဖီဆွဲတာတွေက ရိုးနေပါပြီ။

ကိုယ်တိုင်ဆယ်လ်ဖီဆွဲတာတောင် မျက်လုံးလေးမှိတ်ပြီး ရိုက်ကြည့်ပါ။ အလှပြင်ထားတဲ့အချိန်နဲ့ မျက်တောင်ရှည်ရှည်လေးဖြစ်နေတဲ့အချိန်မျိုးမှာဆို ဒီလိုလေးရိုက်တာက အရမ်းချစ်စရာကောင်းပါတယ်။

မျက်မှန်လေးတွေနဲ့ဓာတ်ပုံရိုက်ရင်လည်း သူများနဲ့မတူအောင် ဒီလိုပို့စ်လေးတွေပေးပြီး ဆယ်လ်ဖီဆွဲကြည့်ပါ။ သူများထက်ပိုမိုက်နေမှာသေချာပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ မျက်မှန်အဝိုင်းလေးက တခြားမျက်မှန်တွေထက်ပိုပြီး အထာကျပါတယ်။

ပန်းလေးတွေကြားမှာလည်း ကိုယ်တိုင်ဆယ်လ်ဖီဆွဲလို့ရပါသေးတယ်။ ဒီလိုအချိန်မှာဆယ်လ်ဖီဆွဲရင်တော့ အောက်ကနေပင့်ပြီးရိုက်ပေးမှ ပုံထွက်ပိုလှမှာပါ။

မျက်နှာလေး Glow ပြီး ပြောင်ပြောင်လေးဖြစ်နေချင်ရင်တော့ Highlighter သုံးထားတဲ့အချိန်မှာ နေရောင်ထဲထွက်ပြီးသာ ဆယ်လ်ဖီဆွဲလိုက်ပါ။

ခပ်မိုက်မိုက်အင်္ကျီလေးတွေဝတ်ထားတဲ့အခါမျိုးမှာဆိုရင် ဒီလိုအထာကျကျပို့စ်လေးပေးပြီး ဆယ်လ်ဖီဆွဲကြည့်ပါ။

Photo Source: www.jessyluxe.com