ပျိုမေတို့အားလုံးပဲမင်္ဂလာပါ။ ဖက်ရှင်ဆိုရင် မိန်းကလေးတိုင်း စိတ်ဝင်စားကြပါတယ်။ ဒီလိုပြီးပြည့်စုံတဲ့ ဖက်ရှင်ကိုဝတ်နိုင်ဖို့ဆိုတာကလည်း သူ့နေရာနဲ့သူ၊ သူ့ပစ္စည်းနဲ့သူ ဝတ်တတ်စားတတ်မှ ဖက်ရှင်ကျတယ်လို့လည်း ခေါ်တာပါ။

နောက်ပြီးတော့ မိန်းကလေးအများစုစိတ်ဝင်စားတာက ဓာတ်ပုံရိုက်ရတာပါပဲ။ ဓာတ်ပုံရိုက်တဲ့အချိန်တိုင်း Selfie ပဲဆွဲလေ့ရှိလား။ သူများ ရိုက်ပေးတာ ဒါမှမဟုတ် Back Camera နဲ့ အရိုက်ခံနေကြလား။ ဘယ်လိုပုံစံနဲ့ပဲဓာတ်ပုံရိုက်ရိုက် ကိုယ့်မှာရှိတဲ့ပစ္စည်းကိုအသုံးပြုပြီး သေချာပို့စ်ပေးတတ်မှလည်း ဓာတ်ပုံကောင်းတစ်ခုထွက်လာမှာဖြစ်ပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါမှာ ပို့စ်ကောင်းကောင်းပေးတတ်ရင် ပုံထွက်အရမ်းလှပါတယ်။ ဘယ်လောက်ပဲ ဖက်ရှင်ကျအောင် ဝတ်ထားပါစေ ပို့စ်မပေးတတ်ရင် အဆင်မပြေပါဘူး။ ဒါကြောင့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ပျိုမေတို့အတွက်ရော ဦးထုပ်လေးတွေဆောင်းရတာ ဝါသနာပါတဲ့ ပျိုမေတို့အတွက်ပါ ကိုယ်ဆောင်းထားတဲ့ ဦးထုပ်လေးနဲ့အတူ ပို့စ်ပေးတဲ့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ဒါလေးတွေက အရမ်းကို အသုံးဝင်ပါလိမ့်မယ်နော်။

Photo Source: Pinterest

By MyStyle Myanmar