(Zawgyi)

အားလံုးပဲမဂၤလာပါေနာ္။ MyStyle Myanmar ရဲ႕ စာဖတ္သူေတြထဲမွာ အလွအပကိုႀကိဳက္ၾကသူေတြမ်ားပါတယ္။ မိတ္ကပ္မပါဘဲ လွေနေစဖို႔ ဒါမွမဟုတ္ မ်က္ခံုးေလးဆြဲလိုက္ရံု၊ ႏႈတ္ခမ္းနီေလး ပါးပါးဆိုးလိုက္ရံုနဲ႔ ျပည့္စံုတဲ့ အလွတရားပိုင္ဆိုင္ဖို႔ဆိုတာ အသားအေရလွေနေစဖို႔လိုပါတယ္။

အသားအေရထိခိုက္ပ်က္စီးျခင္းမွ ကာကြယ္ၿပီး အသားအေရလွေစဖို႔ သင့္ရဲ႕ ဘဝေနထိုင္မႈ ပံုစံကို ေျပာင္းလဲသင့္ပါတယ္။ – စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ျခင္း၊ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ျခင္း၊ မိတ္ေဆြေတြနဲ႔ အခ်ိန္ေပးျခင္း၊ မိမိကိုယ္ကို ယံုၾကည္မႈရွိျခင္းေတြပါပဲ။ ဒါ့အျပင္ အစာအာဟာရ ညီညႊတ္မွ်တေအာင္စားေပးဖို႔လိုပါတယ္။

ကဲအသားအေရလွခ်င္တဲ့ ပ်ိဳေမတို႔ေရ အခုပဲ အသားအေရထိန္းသိမ္းလိုက္ရေအာင္ေနာ္။

၁။ သင္စားတဲ့အစားအစာဟာ သင့္ရုပ္သြင္ျပင္ကို ထင္ဟပ္ေစတယ္ဆိုတာ သတိရပါ။

အစာအာဟာရ ညီညြတ္မွ်တေအာင္စားပါ။ က်န္းမာေရးအတြက္ေရာ၊ သင့္အသားအေရအတြက္ေရာ သိပ္ကိုအေရးႀကီးပါတယ္။

၂။ မ်က္ႏွာေပါင္းတင္တဲ့ Mask သံုးပါ။

ကိုယ့္အသားအေရနဲ႔ သင့္ေတာ္တဲ့ မ်က္ႏွာေပါင္းတင္တဲ့ Mask နဲ႔ ေပါင္းတင္ေပးပါ။ တစ္ပတ္ကို ၁ ႀကိမ္ေလာက္ ေပါင္းတင္ေပးလိုက္ပါ။ ဗီတာမင္နဲ႔ အာဟာရဓာတ္ေတြပါဝင္လို႔ သင့္အသားအေရကို က်န္းမာေစပါတယ္။ သဘာဝနည္းလမ္းေတြနဲ႔လည္း မ်က္ႏွာေပါင္းတင္ႏိုင္ပါတယ္။ ဥပမာ – ေထာပတ္သီး ၊ ပ်ားရည္နဲ႔ေရာၿပီးေပါင္းတင္ျခင္း။

၃။ မနက္အိပ္ယာထခ်ိန္နဲ႔ ညအိပ္ယာမဝင္ခင္ အသားအေရကို ေရဓာတ္ျဖည့္ပါ

ညအိပ္ယာမဝင္ခင္ မ်က္ႏွာကို ေသခ်ာသစ္ၿပီး ခရင္မ္တခုခုလိမ္းၿပီးမွ အိပ္ေပးသင့္သလို၊ မနက္အိပ္ယာႏိုးၿပီး မ်က္ႏွာသစ္ၿပီးတဲ့အခါမွာလည္းခရင္မ္တစ္ခုခု လိမ္းေပးသင့္ပါတယ္။

၄။ Suncreen လိမ္းဖို႕မေမ့ပါနဲ႔

ေနေရာင္ျခည္ထိေတြ႕တာေၾကာင့္ သင့္အသားအေရကို မ်ားစြာထိခိုက္ပ်က္စီးေစပါတယ္။ မိတ္ကပ္မလိမ္းခင္ ေနေရာင္ကာကြယ္တဲ့ Suncreen လိမ္းေပးပါ။ သင့္ခႏၶာကိုယ္ကိုလည္း SPF ပါဝင္တဲ့ Body Lotion ေတြလိမ္းေပးသင့္ပါတယ္။

၅။ တစ္ေန႕ ၈ နာရီအိပ္ပါ

ေလ့က်င့္ခန္းေတြပဲလုပ္ေနမယ္။ အစားေတြပဲေလွ်ာ့ေနမယ္။ ဒါေပမယ့္ အိပ္ေရးဝေအာင္မအိပ္ရင္ေတာ့ ဘာမွထူးလာမွာမဟုတ္ပါဘူး။ အိပ္ေရးဝေအာင္အိပ္ပါ။ တစ္ေန႕ကို ၈ နာရီအိပ္ေပးလိုက္ပါ။

Featured Image Source: International Laboratories Corp., Ltd.

(Unicode)

အားလုံးပဲမင်္ဂလာပါနော်။ MyStyle Myanmar ရဲ့ စာဖတ်သူတွေထဲမှာ အလှအပကိုကြိုက်ကြသူတွေများပါတယ်။ မိတ်ကပ်မပါဘဲ လှနေစေဖို့ ဒါမှမဟုတ် မျက်ခုံးလေးဆွဲလိုက်ရုံ၊ နှုတ်ခမ်းနီလေး ပါးပါးဆိုးလိုက်ရုံနဲ့ ပြည့်စုံတဲ့ အလှတရားပိုင်ဆိုင်ဖို့ဆိုတာ အသားအရေလှနေစေဖို့လိုပါတယ်။

အသားအရေထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပြီး အသားအရေလှစေဖို့ သင့်ရဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲသင့်ပါတယ်။ – စိတ်ဖိစီးမှုကိုလျှော့ချခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ မိတ်ဆွေတွေနဲ့ အချိန်ပေးခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းတွေပါပဲ။ ဒါ့အပြင် အစာအာဟာရ ညီညွှတ်မျှတအောင်စားပေးဖို့လိုပါတယ်။

ကဲအသားအရေလှချင်တဲ့ ပျိုမေတို့ရေ အခုပဲ အသားအရေထိန်းသိမ်းလိုက်ရအောင်နော်။

၁။ သင်စားတဲ့အစားအစာဟာ သင့်ရုပ်သွင်ပြင်ကို ထင်ဟပ်စေတယ်ဆိုတာ သတိရပါ။

အစာအာဟာရ ညီညွတ်မျှတအောင်စားပါ။ ကျန်းမာရေးအတွက်ရော၊ သင့်အသားအရေအတွက်ရော သိပ်ကိုအရေးကြီးပါတယ်။

၂။ မျက်နှာပေါင်းတင်တဲ့ Mask သုံးပါ။

ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ မျက်နှာပေါင်းတင်တဲ့ Mask နဲ့ ပေါင်းတင်ပေးပါ။ တစ်ပတ်ကို ၁ ကြိမ်လောက် ပေါင်းတင်ပေးလိုက်ပါ။ ဗီတာမင်နဲ့ အာဟာရဓာတ်တွေပါဝင်လို့ သင့်အသားအရေကို ကျန်းမာစေပါတယ်။ သဘာဝနည်းလမ်းတွေနဲ့လည်း မျက်နှာပေါင်းတင်နိုင်ပါတယ်။ ဥပမာ – ထောပတ်သီး ၊ ပျားရည်နဲ့ရောပြီးပေါင်းတင်ခြင်း။

၃။ မနက်အိပ်ယာထချိန်နဲ့ ညအိပ်ယာမဝင်ခင် အသားအရေကို ရေဓာတ်ဖြည့်ပါ

ညအိပ်ယာမဝင်ခင် မျက်နှာကို သေချာသစ်ပြီး ခရင်မ်တခုခုလိမ်းပြီးမှ အိပ်ပေးသင့်သလို၊ မနက်အိပ်ယာနိုးပြီး မျက်နှာသစ်ပြီးတဲ့အခါမှာလည်းခရင်မ်တစ်ခုခု လိမ်းပေးသင့်ပါတယ်။

၄။ Suncreen လိမ်းဖို့မမေ့ပါနဲ့

နေရောင်ခြည်ထိတွေ့တာကြောင့် သင့်အသားအရေကို များစွာထိခိုက်ပျက်စီးစေပါတယ်။ မိတ်ကပ်မလိမ်းခင် နေရောင်ကာကွယ်တဲ့ Suncreen လိမ်းပေးပါ။ သင့်ခန္ဓာကိုယ်ကိုလည်း SPF ပါဝင်တဲ့ Body Lotion တွေလိမ်းပေးသင့်ပါတယ်။

၅။ တစ်နေ့ ၈ နာရီအိပ်ပါ

လေ့ကျင့်ခန်းတွေပဲလုပ်နေမယ်။ အစားတွေပဲလျှော့နေမယ်။ ဒါပေမယ့် အိပ်ရေးဝအောင်မအိပ်ရင်တော့ ဘာမှထူးလာမှာမဟုတ်ပါဘူး။ အိပ်ရေးဝအောင်အိပ်ပါ။ တစ်နေ့ကို ၈ နာရီအိပ်ပေးလိုက်ပါ။

Featured Image Source: International Laboratories Corp., Ltd.