မိုးရာသီက နေရတာကောင်းပေမယ့် စိုထိုင်းစများတာ ၊ မကြာမကြာမိုးရွာတာ ၊ အပူချိန်ပြောင်းတာတွေက အသားအရေကို ထိခိုက်စေနိုင်တာကြောင့် အသားအရေကို ဂရုစိုက်ဖို့ သေချာပေါက် လိုအပ်ပါတယ်။ ဒါဆို မိုးရာသီမှာ အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲ ?

1. အရေပြားကို သေချာသန့်စင်ပေးပါ

မိုးရာသီရဲ့ စိုစွတ်ပြီး အညစ်အကြေးတွေပါတဲ့လေထုကြောင့် ချွေးပေါက်ပိတ်တာကို ကာကွယ်ဖို့နဲ့ ကြည်လင်ပြီး ကျန်းမာတဲ့ အသားအရေရဖို့အတွက် တစ်နေ့ နှစ်ကြိမ် ဆပ်ပြာမပါတဲ့မျက်နှာသစ်ဆေးနဲ့ သစ်ပေးပါ ။

2. တစ်ပတ်ကို တစ်ကြိမ် Exfoliate လုပ်ပေးပါ

မိုးရာသီမှာ ဆဲလ်အသေတွေကိုဖယ်ရှားဖို့နဲ့ ဆဲလ်အသစ်တွေပြန်ဖြစ်စေဖို့ တစ်ပတ်လျှင် တစ်ကြိမ် အပျော့စား Scrub ကို Exfoliation လုပ်ပေးပါ။

3. အဆီပိုတွေကိုရှင်းပါ

မိုးရာသီမှာ မျက်နှာက အဆီပိုထွက်ပြီး ဝက်ခြံကို ပိုဖြစ်စေနိုင်တာကြောင့် အဆီပိုတွေနဲ့ အညစ်အကြေးတွေကို ကောင်းကောင်းစုပ်ယူနိုင်တဲ့ Face Masks or Clay Masks များ သုံးပေးပါ။

4. လုံလောက်စွာ အစိုဓာတ်ပေးပါ

မိုးတွင်းမှာလည်း အသားအရေက အစိုဓာတ်ရှိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် လိမ်းရတာပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့ အဆီမပြန်တဲ့ Moisturizer ကို လိမ်းပေးပါ။

5.Sunscreen သုံးပေးပါ

Sunscreen ကို ဘယ်လိုရာသီဥတုမျိုးမှာဖြစ်ဖြစ် ရာသီဥတုအခြေအနေနဲ့ မရွေးဘဲ လိမ်းဖို့က အရေးကြီးပါတယ်။ အပြင်ထွက်တဲ့အခါ အနည်းဆုံး SPF 30 ရှိတဲ့ Sunscreen ကို မဖြစ်မနေလိမ်းပေးပါ။