လက်သည်းနီခဏခဏဆိုးရင် လက်သည်းကို သေချာပြန်ဂရုစိုက်ပေးရပါမယ်။ မဟုတ်ရင် လက်သည်းဝါတာ၊ ခဏခဏကျိုးတာမျိုးတွေ ဖြစ်တတ် ပါတယ်။ ဒါကြောင့် လက်သည်းနီ ခဏခဏဆိုးတဲ့သူတွေအတွက် လက်သည်းကိုဂရုစိုက်နည်းတွေ ပြောပြပေးလိုက်ပါတယ်။

လက်သည်းနီဆိုးပြီးတိုင်းမှာ လက်သည်းလိမ်းတဲ့ အဆီရှိပါတယ်။ အဲ့တာကို လိမ်းပေးပါ။ လက်သည်းနီဖျက်ပြီးရင်လည်း ဘာမှမဆိုးပဲ ၂ ရက်လောက် ထားပါ။ လက်သည်းနီဖျက်ပြီးရင်လည်း လက်သည်းလိမ်းတဲ့အဆီကို လိမ်းပေးပါ။

လက်သည်းနီမဆိုးခင်မှာ base coat ခံဆိုးပြီးမှသာ လက်သည်းနီဆိုးပါ။ ဒါမှ လက်သည်းနီက လက်သည်းကိုတိုက်ရိုက်မထိမှာပါ။ လက်သည်းပျက်စီးတာလည်း သက်သာမှာပါ။

လက်သည်းကိုဆိုင်တွေမှာ သေချာလုပ်ပေးသလို ကိုယ်တိုင်လည်း အိမ်မှာအမြဲတမ်း လုပ်ပေးပါ။ တံစဉ်းနဲ့တိုက်တာမျိုး သန့်စင်တာမျိုးတွေ တစ်ပတ်တစ်ခါလောက် လုပ်ပေးပါ။

လက်သည်းဝါညစ်တာမျိုး၊ လက်သည်းပျော့ပြီး ကျိုးတာမျိုးတွေ မဖြစ်အောင်လည်း လက်သည်းကို သံပုရာအခွံလေးနဲ့ တိုက်ပေးလို့ရပါတယ်။

လက်သည်းအားကောင်းစေဖို့ Healthy Nails ဖြစ်စေဖို့ အသီးအရွက်နဲ့ သစ်သီးတွေကိုလည်း များများစားပေးပါ။