အသက်ကြီးတာရဲ့လက္ခဏာတွေပြတဲ့အခါ လက်က ပထမဆုံးဆိုတာ သင်သိပါရဲ့လား ? လက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အသုံးအများဆုံးအပိုင်းဖြစ်ပြီး ဂရုစိုက်ခံရတာ အနည်းဆုံး ဖြစ်တတ်ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်အတွက် ဂရုတစိုက်နဲ့  Care လုပ်လေ့ရှိတတ်ပေမယ့် လက်ကိုမေ့နေတတ်ကြပါတယ်။ ဒီလိုနဲ့ လက်တွေခြောက်သွေ့ပြီး ကွဲအက်လာတဲ့အခါမှ သတိပြုမိတတ်ကြပါတယ်။ ဒါကြောင့်‌ နောက်မကျသေးခင် လက်တွေကို ဂရုစိုက်နိုင်ဖို့ နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။

Hand Cream

Hand Cream က လက်ပေါ်ရှိ အရေပြားကို အာဟာရဖြည့်ပေးပြီး လိုအပ်သောကာကွယ်မှုတွေပေးဖို့အတွက် ရည်ရွယ်ပြီးထုတ်ထားတဲ့ အထူးဖော်မြူလာတစ်ခုပါ။ Hand Cream က လက်တွေကို ချောမွေ့စေပြီး နူးညံ့ပျော့ပျောင်းစေပါတယ်။ လက်တွေခြောက်နေတယ်လို့ ခံစားမိတိုင်း သို့မဟုတ် လက်ဆေးပြီးတိုင်းမှာ Hand Cream သုံးပေးသင့်ပါတယ်။

Vitamin E

လက်အရေပြားကို ကျန်းမာစေဖို့နဲ့ အရေပြားကွဲအက်ခြင်းကနေကာကွယ်ဖို့ ညအိပ်ရာမဝင်ခင် ညတိုင်း လက်အရေပြားကို ဗီတာမင် E အဆီ လိမ်းပေးပါ။

Ointment

လက်တွေအရမ်းခြောက်လာတဲ့အခါ အရေပြားတွေဟာ အက်ကွဲလာပါတယ်။ ဒီလို ခြောက်သွေ့တဲ့ အသားအရေကို ကုသဖို့ဆို  ပုံမှန် Hand Cream တွေထက် ပိုပြီးအစိုဓာတ်များတဲ့ Ointment သုံးပေးပါ။

Hand Mask

လက်အသားအရေကို နူးညံ့စေပြီး ရေဓာတ်ကို အပြည့်အဝရရှိစေဖို့ တစ်ပတ်လျှင် တစ်ကြိမ် Hand Mask ကို အသုံးပြုပေးပါ။ Hand Mask များကို ဆေးဆိုင်များ၊ အလှကုန်ဆိုင် များနှင့် စတိုးဆိုင်များမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

Sun Cream


မျက်နှာနဲ့ လည်ပင်းတို့လိုဘဲ  လက်တွေကလည်း  ပုံမှန်အားဖြင့် နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်ကို အများဆုံး ထိတွေ့လေ့ရှိတာကြောင့် Sun Cream သုံးပေးသင့်ပါတယ်။