တီဗွီကြော်ငြာတွေထဲကလိုမျိုး ဆံကေသာက ပိုးမွှားလေးလို နူးညံ့တောက်ပြောင်ဖို့က လက်တွေ့မှာဖြစ်နိုင်ပါရဲ့လား။ သင့်ရဲ့ဆံကေသာထိန်းသိမ်းစောင့်ရှောက်တဲ့ နည်းလမ်းတွေထဲမှာ တစ်ချို့အချက်လေးတွေကို ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် အိပ်မက်တွေက လက်တွေ့မှာတကယ်ဖြစ်လာပါလိမ့်မယ်။

ဖြောင့်စင်းရုံသာမက ကျန်းမာသန်စွမ်းပြီး တောက်ပြောင်တဲ့ဆံကေသာကိုရရှိဖို့ကို စိတ်ကူးတတ်တဲ့ ပျိုမေလေးများအတွက် အထိရောက်ဆုံးသော နည်းလမ်းကောင်းလေးများကို မျှဝေပေးသွားမယ်နော်။

၁။ တဘက်မသုံးပါနဲ့

ခေါင်းလျှော်ပြီးလို့ မခြောက်သေးခင်မှာ ဘီးမဖြီးဖို့ပြောချင်ပါတယ်။ ချက်ချင်းဘီးဖြီးလိုက်မယ်ဆိုရင် ဦးရေပြားကိုထိခိုက်နိုင်ပြီး ဆံသားကိုလည်းကျိုးကြေစေကာ ခြောက်သွားပြီးနောက်မှာလည်း ဖွာတာတာကြီးဖြစ်နေစေပါလိမ့်မယ်။

ခေါင်းကိုခြောက်အောင်သုတ်တဲ့အခါမှာ အဝတ်အထည်ကိုအသုံးပြုသင့်ပါတယ်။ ထိုမှသာ အစိုဓာတ်ကိုကောင်းကောင်းစုပ်ယူနိုင်ပြီး ချောမွေ့စွာသုတ်လို့ရမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် သာမန်ချည်သားတီရှပ်တစ်ထည်ကို အသုံးပြုပြီးခေါင်းသုတ်ပေးပါ။

၂။ မှန်ကန်သင့်တော်တဲ့ ဆံကေသာပစ္စည်းများကို အသုံးပြုပါ

  • Jojoba Oil (ပျက်စီးနေတဲ့ဆံကေသာကို ပြန်လည်ကောင်းမွန်စေခြင်း)
  • Coconut Oil (အစိုဓာတ်ဖြည့်တင်းပေးပြီး တောက်ပြောင်စေခြင်း)
  • Ylang-ylang Oil (ချောမွေ့စေခြင်း)
  • Rosemary Oil (ဆံသားကိုအစိုဓာတ်ဖြည့်တင်းပေးကာ အရှည်မြန်စေခြင်း)
  • Argan Oil (တောက်ပြောင်စေခြင်း)
  • Shea Oil (ဆံသားကိုတောက်ပြောင်စေကာ ခရမ်းလွန်ရောင်ခြည်တွေဒဏ်မှ ကာကွယ်ပေးခြင်း)

အထက်ဖော်ပြပါ သဘာဝအဆီတွေကို အသုံးမပြုခင်မှာ ကိုယ်နဲ့တည့်မတည်ကို တံတောင်ဆစ်မှာတင်ပြီး အရင်စမ်းကြည့်ပါ။

၃။ ညအိပ်ရာမဝင်ခင် Essential Oils တွေအသုံးပြုပြီး ဆံပင်ဖြီးပါ

ဒီနည်းလမ်းလေးကိုမှန်မှန်လုပ်ပေးမယ်ဆိုပါက သင့်ဆံကေသာရဲ့အသွင်အပြင်ကို အရင်နဲ့မတူတဲ့ ပြောင်းလဲမှုတွေကို မြင်တွေ့လာရမှာဖြစ်ပါတယ်။ ဆီနည်းနည်းကို ဘီးစိတ်တွေမှာခြားသုတ်လိုက်ပြီး မိနစ်အနည်းငယ်လောက် ခေါင်းဖြီးပေးပါ။

ဆံပင်အဆီပြန်တတ်သူတွေကတော့ တစ်စက်လောက်ဆိုလုံလောက်ပြီး ခြောက်တဲ့သူတွေကတော့ ၃ စက်လောက် အသုံးပြုပေးရပါမယ်။ Lemon, Bergamot, Tea Tree တို့က အဆီပြန်သူတွေနဲ့သင့်တော်ပြီး Lavender, Ylang-ylang, Orange တို့ကတော့ ခြောက်သွေ့တဲ့ဆံသားတွေနဲ့ ပုံမှန်ဆံသားပိုင်ရှင်တွေ အသုံးပြုသင့်တဲ့ အဆီတွေဖြစ်ပါတယ်။

၄။ ဆံပင်လေမှုတ်စက်ကို အသုံးပြုပုံပြုနည်းများ

ဆံပင်ကနေ ရေတစ်တောက်တောက် ကျနေချိန်မှာ Hair-dryer မသုံးပါနဲ့။ ဆံပင်အရမ်းရေစိုနေချိန်မှာ Hair-dryer အသုံးပြုလိုက်ပါက ဆံသားခြောက်သွေ့ချိန်မှာ အရမ်းကျိုးကြေသွားနိုင်ပါတယ်။

ဆံပင်ကိုနှစ်ခြမ်း သို့မဟုတ် လေးခြမ်းခွဲလိုက်ပြီးတော့ တစ်ဖက်ချင်းစီကို ဖြည်းဖြည်းချင်းမှုတ်ပေးပါ။

Hair-dryer မှုတ်တဲ့အခါမှာ အပေါ်ကအောက်ကိုသွားပေးပါ။ အောက်ကနေအပေါ်ကိုပြန်မှုတ်တာက ဆံပင်ကိုဖွာလန်ကြဲစေနိုင်လို့ အပေါ်ကနေသာ အောက်ကိုမှုတ်သွားပေးခြင်းက ဆံသားကိုလည်း ဖြောင့်စင်းစေပါတယ်။

၅။ ဘီးအမျိုးအစား

ဖြောင့်စင်းချောမွေ့တဲ့ ဆံသားကိုအလိုရှိတယ်ဆိုရင်တော့ သစ်သားဘီးတွေကို အသုံးပြုပေးသင့်ပါတယ်။ သစ်သားဘီးတွေက ဆံပင်တွေကိုလည်း ငြိတွယ်ခြင်းမရှိစေသလို ဆံသားကိုလည်း မပျက်စီးစေပါဘူး။

Credit: BrightSide