မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. ဆံပင်ရှည်ဖို့အတွက် မစောင့်ချင်တဲ့ ပျိုမဒီတွေ ၊ Crazy Colour ကို Highlight လုပ်ချင်ပေမယ့် မူလဆံသားကို ထိခိုက်မှာဆိုးလို့ မလုပ်ချင်တဲ့ပျိုမဒီတွေက Hair Extensions ကို လုပ်လာကြပါတယ်။ Hair Extensions လုပ်တဲ့အခါ ကိုယ်ရွေးချယ်တဲ့ ဆံသားပေါ်မူတည်ပြီး ကုန်ကျလေ့ရှိပါတယ်။

Hair Extensions လုပ်ပြီးတဲ့အခါ တတ်နိုင်သမျှ ကြာရှည်ခံစေဖို့အတွက်က သေချာလေး ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်နော်။ ဂရုမစိုက်ဘဲပစ်ထားမိရင် ဆံပင်ကို ပျက်စီးစေနိုင်တာကြောင့်ပါ။ Hair Extensions တွေကို ဂရုစိုက်ရတာ မခက်ပါဘူး၊ ဒါပေမယ့် သတိထားသင့်တဲ့အရာတွေရှိပါတယ်။

ဒါကြောင့် Hair Extensions လုပ်ပြီးတဲ့အခါ ဆံပင်ကို ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

သန့်ရှင်းအောင်ထားပါ

အညစ်အကြေးနဲ့ ချွေးတွေက ဆံပင်တွေကို ရှုပ်ပွစေနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ Sulphate ဒါမှမဟုတ် Paraben မပါတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ ။ ခေါင်းမလျှော်ခင်မှာ ဆံပင်ကို အရင်ဖြီးပေးပါ။ ပြီးမှ ခေါင်းလျှော်ပါ။

ခြောက်အောင်ထားပါ

စိုနေတဲ့ဆံပင်က Hair Extensions ရဲ့ တိပ်တွေ ကော်တွေကို ပျက်စီးစေနိုင်တာကြောင့် ခေါင်းလျှော်ပြီးတိုင်း ဆံပင်ခြောက်အောင် ထားသင့်ပါတယ်။

နူးညံ့တဲ့ခေါင်းဖြီးကိုသုံးပါ

ပျော့ပျောင်းတဲ့ အမွေးအမှင်နဲ့လုပ်ထားတဲ့ ခေါင်းဖြီးတွေက တိပ်ကပ်ခွာကို ထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးနိုင်တဲ့အပြင် ဆံပင်ရှုပ်ထွေးမှုကိုလည်း ရှင်းပေးနိုင်ပါတယ်။ ခေါင်းဖြီးတဲ့အခါ အပေါက်ကနေအောက်ကို ဖြည်းဖြည်းချင်းဖြီးပေးပါ။

နေရောင်၊ ကလိုရင်းနဲ့ ရေငန်တို့ကို ရှောင်ကြဉ်ပါ

နေရောင်၊ ကလိုရင်းနဲ့ ရေငန်တို့က Hair Extensions ရဲ့ အကြီးမားဆုံး ရန်သူတွေပါ။ နေရောင်ခြည်၊ ကလိုရင်းနဲ့ ရေငန်တို့က ဆံပင်ကို ရေဓာတ်ခန်းခြောက်စေတဲ့အပြင် ခြောက်သွေ့ခြင်းနဲ့ ရှုပ်ထွေးခြင်းကိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့် ရေကူးကန် သို့မဟုတ် ကမ်းခြေမှာ ရေကူးမယ်ဆိုရင် ရေကူးဦးထုပ်ဝတ်ဆင်တာ ဒါမှမဟုတ် ဆံပင်ကို ကျစ်ထားဖို့ အကြံပြုပါရစေ။

Conditioner ကို ပုံမှန်သုံးပေးပါ

Conditioner ကို သုံးပေးရင် Hair Extensions ကို တောက်ပြောင်စေရုံသာမက ဆံပင်ရဲ့ အကာအကွယ်အလွှာဖြစ်တဲ့ Cuticle Layer ကိုပါ ပြန်လည်ပြုပြင်ပေးပါတယ်။ Conditioner သုံးတဲ့အခါ အဆီပြန်ခြင်းမဖြစ်စေဖို့ ဆံပင်အရင်းထက် အဖျားနဲ့အလယ်ကို သုံးပေးပါ။

နေ့တိုင်း ခေါင်းလျှော်တာကို ရှောင်ကြဥ်ပါ

နေ့တိုင်းခေါင်းလျော်ရင် ဆံပင်တွေက ခြောက်သွေ့သွားနိုင်ပါတယ်။ ဒါကြောင့် Hair Extensions တွေ ရေဓာတ်ထိန်းထားနိုင်ဖို့ တစ်ပတ်ကို အများဆုံး ၃ ကြိမ်သာ လျှော်ပေးပါ။

ရေအေးနဲ့လျှော်ပါ

ရေအေးနဲ့လျှော်တဲ့အခါ ဆံကေသာအတွင်း အစိုဓာတ်ရှိနေစေပြီး ခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးပါတယ်။ ခေါင်းလျှော်ပြီးလို့ ဆံပင်ကို လက်နဲ့ရေညှစ်ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ပတ်ထားပေးပါ။ Dryer မမှုတ်ခင် မျက်နှာသုတ်ပဝါဖြင့် ညင်သာစွာ ခြောက်အောင် ပွတ်ပေးပါ။