ဆံပင်နဲ့ ပတ်သက်ရင် မျက်နှာလောက် အလုပ်မရှုပ်တာ အမှန်ပါပဲ။ ဒါပေမယ့်လည်း ဆံပင်ကို စနစ်တကျ ထိန်းသိမ်းတဲ့ နည်းစနစ်ကိုတော့ သေချာသိထားဖို့ လိုပါတယ်။ ဒါမှသာ ဆံပင်ကြောင့် စိတ်ဒုက္ခမရောက်ရမှာ ဖြစ်ပါတယ်။

(၁) Hair Products နည်းနည်းပဲ သုံးပါ

ဆံပင်နဲ့ ပတ်သက်ပြီး အများဆုံး လုပ်မိတတ်တဲ့ အမှားက Stylish ဖြစ်စေဖို့ ဆံပင်အလှကုန်တွေ အလွန်အကျွံ သုံးစွဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခေါင်းလိမ်းဆီပဲ ဖြစ်ဖြစ် Gel ပဲဖြစ်ဖြစ် ဆံပင်အတွက် သုံးတဲ့ပစ္စည်းတွေကို တတ်နိုင်သမျှ နည်းနည်းပဲ သုံးသင့်ပါတယ်။ မဟုတ်ရင်တော့ ဆံပင်တွေ အမြန်ပျက်စီးသွားနိုင်လို့ ဖြစ်ပါတယ်။

(၂) မျက်နှာနဲ့လိုက်တဲ့ ဆံပင်ပုံစံပဲ ညှပ်ပါ

နာမည်ကျော်ပုဂ္ဂိုလ်တွေကို နှစ်သက်လို့ သူတို့ရဲ့ ဆံပင်ပုံစံအတိုင်း လိုက်ညှပ်တာမျိုး မလုပ်ပါနဲ့။ ဆံပင်ညှပ်ဆရာနဲ့ တိုင်ပင်ပြီး ကိုယ့်မျက်နှာပေါက်နဲ့ လိုက်တဲ့ ဆံပင်ကေထားတာက ပိုပြီးအမြော်အမြင် ရှိရာရောက်ပါတယ်။

(၃) Conditioner သုံးဖို့ မမေ့ပါနဲ့

Conditioner ဟာ ဆံပင်ရဲ့ ဆံသားအိတ်တွေကို ကာကွယ်ပေးထားတဲ့ အလွှာအတွက် ကောင်းပါတယ်။ ဒါဟာ ဆံပင်ပျက်စီးမှုကို ကာကွယ်ပေးနိုင်သလို ဆံသားတွေ ကျန်းမာသန်စွမ်းအောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ ဆံပင်ကြမ်းတမ်းပြီး ခြောက်သွေ့လွန်းသူတွေအတွက် Conditioner တွေဟာ ဆံသားအိတ်တွေကို ရေနဲ့ အစိုဓါတ်ဖြည့်ပေးနိုင်ပါတယ်။

(၄) ဆံပင်ထိန်းသိမ်းမှု မှန်ပါစေ

ခေါင်းလျှော်မယ်ဆိုရင် သဘာဝရှန်ပူသုံးပါ။ နေ့တိုင်းလည်း ခေါင်းလျှော်စရာမလိုပါဘူး။ ရေချိုးခေါင်းလျှော်ပြီးရင်လည်း ဆံပင်ကို မျက်နှာသုတ်ပုဝါနဲ့ အားနဲ့ ဖိသုတ်တာမျိုး ရှောင်ပါ။ ဆံပင်ရေစိုနေချိန် ခေါင်းဖြီးတာ ၊ Hair Products သုံးတာမျိုးလည်း ရှောင်သင့်ပါတယ်။