လူသားများရဲ့ခြေထောက်တစ်ချောင်းစီမှာ ကြွက်သားပေါင်း ၂၉ ခုစီ ပါရှိပါတယ်။ တစ်နေကုန်လုံး လမ်းလျှောက်ရတဲ့အခါ (သို့) မတ်တပ်ရပ်ရတဲ့အချိန် ကြာလာတဲ့အခါ ခြေထောက်ကြွက်သားများ နာကျင်လာပါလိမ့်မယ်။

ဒီဆောင်းပါးလေးထဲမှာတော့ နာကျင်ကိုက်ခဲနေတဲ့ ခြေထောက်ကြွက်သားများကို အကြောအချဉ်များပြေအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကုသပေးနိုင်မလဲဆိုတာကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ကျောက်စရစ်ခဲလေးများပေါ် လမ်းလျှောက်ပါ

ထိုကဲ့သို့ လမ်းလျှောက်ပေးခြင်းအားဖြင့် ခြေဖဝါးလေးများ သက်သောင့်သက်သာရှိပြီး အညောင်းအညာပြေသွားပါလိမ့်မယ်။

ခြေထောက်များကို ကြေးချွတ်ပါ

ရေချိုးတဲ့အခါ ခြေထောက်များကို Scrub ဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ထိုကဲ့သို့ ပွတ်တိုက်ပေးခြင်းက ခြေဖဝါးအသားမာတက်ခြင်းမှ ကာကွယ်ပေးပြီး ခြေဖဝါးလေးကို နူးညံ့စေပါလိမ့်မယ်။

တင်းနစ်ဘောလုံးဖြင့် နှိပ်နယ်ပေးပါ

တင်းနစ်ဘောလုံးကို ခြေဖနောင့်အောက်မှာ ထားပြီး အရှေ့သို့ ဖြည်းဖြည်းချင်းတွန်းပို့ပေးလိုက်ပါ။ ရှေ့တိုး နောက်ဆုတ် ပြုလုပ်ပေးခြင်းအားဖြင့် ကြွက်သားများ တောင့်တင်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်ပေးပါ

ကြမ်းပြင်ပေါ်မှာ သဘက်တစ်ထည် ခင်းထားပါ။ ထို့နောက် သဘက်ပေါ်မှာ ခြေထောက်တင်ထားပါ ခြေချောင်းလေးျားကို အတွင်းသို့ ကွေးလိုက် ပြန်ဆန့်လိုက် လုပ်ပေးလိုက်ပါ။

ရေခဲတုံး တင်ထားပါ

သင့်ခြေဖနောင့်များက ရောင်နေတယ်ဆိုရင်တော့ ရေခဲထုပ်ကို သဘက်ထဲထည့်ပြီးနောက် ခြေထောက်ပေါ်တွင် ၁၅ မိနစ်ခန့် အုံထားလိုက်ပါ။ တကယ်လို့ မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်ထံ ပြသကြည့်တာ အကောင်းဆုံးပါပဲ။

ငှက်ပျောသီးအနှစ်ဖြင့် သုတ်လိမ်းပါ

ငှက်ပျောသီးတစ်လုံးကို ခက်ရင်းဖြင့် ချေမွလိုက်ပါ။ ထို့နောက် ခြေထောက်ကို ရေနွေးနွေးထဲတွင် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ခြေထောက်တစ်ဖက်ကို ငှက်ပျောသီးအနှစ်ဖြင့် စက်ဝိုင်းပုံသဏ္ဍာန် ၄ မိနစ်ခန့် သုတ်လိမ်းပေးလိုက်ပါ။ ကျန်ခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးလိုက်ပါ။

Source: Brightside.me