မိန်းကလေးတိုင်းကတော့ မျက်နှာအသားအရေလေး အမြဲကောင်းနေတာမျိုးကို လိုချင်ကြတာပါပဲ။ ဘာမှမလိမ်းပဲ၊ ဘာမှမလုပ်ပဲ၊ ဂရုမစိုက်ပဲ ထားရင်တော့ မျက်နှာအသားအရေက ကောင်းလာမှာမဟုတ်ပါဘူး။ မွဲခြောက်ခြောက်နဲ့ မိတ်ကပ်လိမ်းလို့မကောင်းတာမျိုး၊ အသားအရေ ခြောက်တာ မျိုးတွေ ဖြစ်နေမှာပါ။ ဒါကြောင့် မျက်နှာအသားအရေ အမြဲကောင်းချင်ရင် ပုံမှန်လုပ်ပေးရမယ့် သုံးပေးရမယ့်အရာတွေကို ပြောပြပေး လိုက်ပါတယ်။

ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Toner ကို မနက်၊ ည လိမ်းပေးပါ။ စျေးကြီးတာဝယ်ထားပြီး ကိုယ်နဲ့မတည့်ရင် မျက်နှာမှာ ဖုတွေထွက်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ်နဲ့အဆင်ပြေမယ့် Toner ကိုသုံးပါ။

Essence (သို့) Serum (သို့) Ampoule လိမ်းပါ။ အဆီအရမ်းပြန်တဲ့သူဆိုရင် Essence ကောင်းကောင်းတစ်ခုကို သုံးပေးပါ။ Combination Skin နဲ့ အသားခြောက်တဲ့ Dry Skin တွေကတော့ Essence နဲ့ Serum (သို့) Ampoule သုံးမယ်ဆိုလည်း ရပါတယ်။ တစ်မျိုးပဲသုံးချင်တယ်ဆိုရင်တော့ Serum (သို့) Ampoule သုံးပေးပါ။

မျက်နှာအသားအရေကောင်းလာစေဖို့ အဓိကကူညီပေးနိုင်တာက ဒီအဆင့်ပါပဲ။ အထူးသဖြင့်ကတော့ Serum နဲ့ Ampoule ပေါ့။ ညဘက်ပဲလိမ်းပေးရမှာပါ။

Moisturizer ကောင်းကောင်းတစ်ခုကို သုံးပါ။ Moisturizer ကိုတော့ မနက်၊ ည သေချာလိမ်းပေးရပါမယ်။ အသားခြောက်တဲ့ Dry Skin တွေကတော့ Cream Type Moisturizer ကိုသုံးပေးပါ။ Oily Skin နဲ့ Combination Skin တွေကတော့ Gel Type Moisturizer ကို သုံးပေးပါ။

Eye Cream သုံးပေးပါ။ နဂိုထဲက မျက်ကွင်းညိုတဲ့သူတွေဆိုရင် Eye Cream အကောင်းစားတစ်ခု သုံးသင့်ပါတယ်။ တချို့ကျတော့လည်း အိပ်ရေးပျက်တာတွေ၊ Stress တွေ၊ ဖုန်းကြည့်တာတွေများလို့ မျက်ကွင်းညိုတာမျိုးတွေ၊ မျက်လုံးအောက် အရေးအကြောင်းပေါ်လာတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် Eye Cream ကိုတော့ ဆယ်ကျော်သက်အရွယ်ထဲက သုံးပေးရင်ကောင်းပါတယ်။

ဆဲလ်သေတွေကွာကျပြီး လိမ်းသမျှ Skincare တွေကို ပိုပြီးဆုပ်ယူနိုင်ဖို့၊ မျက်နှာအသားအရေကြည်လင်စေဖို့ တစ်ပတ်တစ်ခါ Exfoliate (သို့) Scrub လုပ်ပေးပါ။ တစ်ပတ်တစ်ခါထက်တော့ ပိုမလုပ်ပါနဲ့။ ခဏခဏလုပ်ရင် ဆားဝက်ခြံထွက်တာ၊ ချွေးပေါက်ကျယ်တာတွေ ဖြစ်လာပါလိမ့်မယ်။

အနည်းဆုံး တစ်ပတ်တစ်ခါ Sheet Mask ကပ်ပေးပါ။ Sheet mask ပုံမှန်ကပ်ပေးခြင်းက မျက်နှာအသားအရေ Healthy Skin လေး ဖြစ်လာစေပါတယ်။ အသားအရေလည်း ပိုကောင်းလာစေပါတယ်။

Makeup Remover သုံးကိုသုံးရပါမယ်။ မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းဘူးဖြစ်စေ၊ ညဘက် Skincare လိမ်းဖို့ မျက်နှာမသစ်ခင်မှာ Makeup Remover နဲ့ မျက်နှာပေါ်က အညစ်အကြေးတွေကို အရင်ဖျက်ရပါမယ်။ ပြီးမှ မျက်နှာသစ်ပါ။