လူငယ်ဆန်ဆန် ဆံပင်ပုံစံတွေထဲမှာ ရေပန်းစားလာတဲ့ ဒီဇိုင်းတစ်ခုက Curly Haircuts လို့ ခေါ်တဲ့ အခွေအတွန့် ဆံပင် စတိုင်တွေပါပဲ။ ကမ္ဘာကျော် အဆိုတော်တွေဖြစ်ကြတဲ့ Shakira နဲ့ Beyonce တို့ဆိုရင်လည်း အခွေအလိပ်ဆံပင်ပုံစံနဲ့ နာမည်ကျော်ကြပါတယ်။

Curly စတိုင် လှိုင်းတွန့်အခွေအလိပ်ဆံပင်ပုံစံတွေက ပုံမှန်ထားနေကျ တခြား ဆံပင်ပုံစံတွေထက် ပြုပြင်ထိန်းသိမ်းမှုတော့ ပိုလိုအပ်ပါတယ်။

တကယ်လို့ ကိုယ်က Curly Hair စတိုင် ထားမယ်ဆိုရင် လိုက်နာသင့်တဲ့အချက်တွေက အများသားပါပဲ။ လှိုင်းတွန့်တဲ့ Wavy ဆန်ဆန် ဆံပင်ပုံစံအတွက် ပင်လယ်ဆားပါတဲ့ စပရေး ဒါမှမဟုတ်လည်း အလားတူ Moisturizer တစ်မျိုးမျိုး သုံးပေးဖို့ လိုပါတယ်။ ဒီ Spray တွေက ဆံပင်သား Volume တက်စေသလို ဆံပင် ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဆံပင်ခြောက်တဲ့ ဒဏ်လည်း သက်သာရာရပါတယ်။

ဆံပင်ကို သိပ်ပြီး မလျှော်ဖို့ Over-Shampoo မဖြစ်စေဖို့လည်း သတိပြုရပါတယ်။ ၂ ရက် ၃ ရက်ကြာမှ တစ်ကြိမ်ပဲ ခေါင်းလျှော်ပြီး ခေါင်းလျှော်ရင်လည်း Moisturizing Conditioner သုံးဖို့ အကြံပေးချင်ပါတယ်။ ခေါင်းလျှော်ရည်နဲ့အတူ ပျော့ဆေးပါ တွဲသုံးတာက ဆံပင်ကို အစိုဓါတ်ပိုထိန်းရာရောက်သလို ကျန်းမာသန်စွမ်းမှုလည်း မြင့်စေပါတယ်။

Over-Shampoo လိုပဲ နောက်ထပ် သတိပြုရမှာက ဆံသားခြောက်လွယ်စေတဲ့ Hair Products တွေလည်း အလွန်အကျွံ မသုံးဖို့ လိုပါတယ်။ ဒီလိုမျိုး ဆံပင်အလှကုန်တွေက Curly Hairstyle သမားတွေ သုံးလို့ ရပေမယ့် Overuse သုံးလို့ မကောင်းပါဘူး။ ရေရှည်မှာ ထိန်းသိမ်းရခက်လာသလို ဆံပင်ခြောက်ပြီး ဖွာလွန်းတဲ့ ပြဿနာတွေလည်း တက်နိုင်လို့ ဖြစ်ပါတယ်။

ဆံပင်အုံထူပြီး လှိုင်းတွန့်တဲ့ လူတွေက ဆံပင်ပျော့ပါးပြီး တိုကပ်ကပ်သမားတွေထက်စာရင် ဆံပင်ထိန်းသိမ်းရတာ အလုပ်ပိုများပါတယ်။ ဆံပင်ညှပ်ဆရာကောင်းနဲ့ တွေ့ရင်တော့ Curly Haircuts ကို သဘာဝဆန်ဆန်နဲ့ ထိန်းသိမ်းရမခက်တဲ့ ဒီဇိုင်းညှပ်လို့တော့ ရပါတယ်။