မျက်နှာပေါ်မှာ ဝက်ခြံအကြီးကြီးပေါက်တာထက် အဆီဖုသေးသေးလေးတွေ ခဏခဏထွက်လာခြင်းက ပိုစိတ်ညစ်စရာကောင်းပါတယ်။ ကိုယ်သုံးနေကျ Skin Care ကလည်းထင်သလောက် အဆီဖုထွက်တာကို ကာကွယ်မပေးနိုင်ဘူးဆိုရင် အခုပြောပြတဲ့ သဘာ၀နည်းလမ်းလေးတွေကို လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ နည်းလမ်းလေးတွေကလည်း  လွယ်ကူပါတယ်။ ကိုယ့်ရဲ့နေစဥ်လုပ်ငန်းတွေထဲမှာ မသိသာနဲ့အဆီဖုလေးတွေထွက်စေတဲ့ အကြောင်းအရင်းလေးတွေရှိပါတယ်။

ဝမ်းမချုပ်စေပါနဲ့

ဝမ်းချုပ်ခြင်းက အဆီဖုထွက်တာကို အားပေးနိုင်ရုံသာမက ကိုယ်စားလိုက်တဲ့အစားအသောက်တွေက စအိုထဲကိုမရောက်သွားပဲနဲ့ အူလမ်းကြောင်းမှာပဲရှိနေတာမျိုးပါ။ ဝမ်းချုပ်ခြင်း ပြဿနာက အထိုင်များတဲ့သူတွေမှာလည်း အဖြစ်များတတ်ပါတယ်။ အသားအရေဆိုတာက ကိုယ်ရဲ့ခန္ဓာကိုယ်အတွင်းကျန်းမာခြင်းနဲ့လည်း အများကြီးသက်ဆိုင်တဲ့အတွက်ကြောင့်မလို့ ဝမ်းမချုပ်စေပါနဲ့နော်။

ခေါင်းအုပ်စွပ်လဲပါ

ကိုယ်နဲ့ နေ့စဥ်အသုံးပြုတဲ့ မျက်နှာသုပ်ပဝါ၊ ခေါင်းအုပ်စွပ်တွေက နေ့စဥ်အတူတကွကိုယ့်မျက်နှာကိုတိုက်ရိုက်ထိတွေ့နေတဲ့ အရာတွေဖြစ်တဲ့အတွက် ပိုးမွှားတွေမထိတွေ့မိဖို့ အရေးကြီးပါတယ်။ ဘက်တီးရီးယားပိုးမွှားက ဒီလိုမျိုးအရာတွေမှာ တွယ်ကပ်တာပိုမြန်ပါတယ်။ ခေါင်းအုပ်စွပ်ကိုတော့ တစ်ပတ်တစ်ခါလဲဖို့ အကြံပြုချင်ပါတယ်။

မိတ်ကပ်ဖျက်ဖို့ မပျင်းပါနဲ့

အပြင်ကပြန်လာပြီးတိုင်း မိတ်ကပ်ဖျက်ပါ ငါဒီနေ့တစ်နေ့ ပျင်းလိုဆိုပြီး တစ်ရက်လေးဘာမှမဖြစ်လောက်ပါဘူးဆိုပြီး အိပ်ရာမ၀င်လိုက်ပါနဲ့။ ကိုယ့်မျက်နှာကို Cleaning သေချာမလုပ်ရင်တောင် အနည်းဆုံးအိပ်ရာမဝင်ခင် မျက်နှာကိုတော့သေချာဆေးပြီးမှာ အိပ်သင့်ပါတယ်နော်။

Photo Source – Pinterest

By MyStyle Myanmar