နွေရာသီရောက်ရင် အဆီပြန်တဲ့သူတွေအတွက် စိတ်ညစ်ရပါတယ်။ အစထဲကမှ အဆီပြန်ပါတယ်ဆို ရာသီဥတုပူတော့ ချွေးတွေထွက်ပြီး အဆီပိုပြန်၊ ချွေးပေါက်တွေပိတ်ပြီး အဆီဖုတွေလည်း ပိုထွက်လာတတ်ပါတယ်။ ဒါကြောင့် ဒီလိုပြဿနာတွေမဖြစ်လာအောင် အဆီပြန်တဲ့ Oily Skin သမားတွေအတွက် နွေရာသီမှာအသားအရေထိန်းသိမ်းနည်းကို မျှဝေပေးလိုက်ပါတယ်။

Clay Facial Cleanser

အဆီပြန်တဲh Oily Skin သမာေးတွက နွေရာသီမှာ မျက်နှာသစ်ဆေးကို Clay Facial Cleanser သုံးပေးပါ။ Clay ပါတဲ့မျက်နှာသစ်ဆေးတွေက ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ကောင်းကောင်းသန့်စင်ပေးနိုင်ပြီး အဆီပြန်တာလည်းသက်သာစေလို့ နွေရာသီအတွက် အရမ်းအဆင်ပြေပါတယ်။ မနက်၊ ည မသုံးချင်ရင်တော့ မနက်ကို Mild ဖြစ်တဲ့ မျက်နှာသစ်ဆေးသုံးပြီး ညဘက်ကျမှ Clay Facial Cleanser ကိုသုံးပေးလို့လည်း ရပါတယ်။

Toner

အဆီပြန်တဲ့ Oily Skin သမားတွေက နွေရာသီမှာ Toner သုံးမယ်ဆိုရင် ရေဓာတ်သီးသန့်ဖြည့်ပေးတဲ့ Toner မျိုးပဲသုံးပေးပါ။ တခြား Heavy ဖြစ်တာတွေ၊ Whitening ပါတာတွေသုံးမိရင်တော့ ဖုတွေထွက်ပြီး အဆီပိုပြန်လာပါလိမ့်မယ်။

Water-Based Moisturizer (သို့) Gel Type Moisturizer

အဆီပြန်လို့ဆိုပြီး Moisturizer မလိမ်းပဲနေလို့မရပါဘူးနော်။ Moisturizer ဆိုတာ လိမ်းကိုလိမ်းရမယ့် Skincare Step ပါ။ အဆီပြန်တဲ့ Oily Skin သမားတွေအနေနဲ့ နွေရာသီမှာ Moisturizer လိမ်းမယ်ဆိုရင် Water-Based Moisturizer (သို့) Gel Type Moisturizer ကိုပဲ သုံးပေးပါ။ Cream Type Moisturizer တွေလိမ်းမိရင်တော့ အဆီပိုပြန်ပြီး ချွေးပေါက်တွေပိတ်ကာ အဆီဖုနဲ့ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။

Sunscreen

ညနေ ၅ နာရီနောက်ပိုင်းကလွဲလို့ ကျန်တဲ့အချိန်တွေမှာ Sunscreen လိမ်းပေးပါ။ Sunscreen မလိမ်းရင် မျက်နှာအသားအရေ ပိုပြီးပျက်စီးလာပါမယ်။ အဆီပြန်တဲ့ Oily Skin သမားတွေက Sunscreen သုံးမယ်ဆိုရင် Oil-free ဖြစ်တာမျိုးကို ရွေးသုံးပါ။

Exfoliate

အဆီပြန်တဲ့ Oily Skin သမားတွေက ၅ ရက် တစ်ခါ Exfoliate လုပ်ပေးရပါမယ်။ ဒါမှ မျက်နှာအသားအရေကြည်လာမယ်၊ လိမ်းသမျှ Skincare တွေရဲ့ Effect လည်း ပိုထိရောက်မယ်။ အညစ်အကြေးနဲ့ ဆဲလ်သေတွေကိုလည်း ပုံမှန်ဖယ်ရှားပေးနိုင်ပါမယ်။