ဆံပင်တွေပျက်စီးပြီး အရမ်းကျွတ်နေလို့ စိတ်ညစ်နေပြီလား။ အခုခေတ်က ဆံပင်အရောင်တွေကလည်း အမျိုးမျိုးရွေးချယ်လို့ရနေပြီ ဆံပင်အပူချောင်းတွေနဲ့လည်း အလွယ်တကူလိုသလို ပုံဖော်လို့ရနေတဲ့ ခေတ်ဖြစ်နေပြီဆိုတော့ ဆံပင်တွေကိုအမျိုးမျိုးပြောင်းလဲလို့ရနေပါပြီ။ဒီလိုမျိုး အမြဲလုပ်နေတဲ့ဆံပင်ဆိုရင်တော့ ဘယ်လောက်တဲ့ကောင်းတဲ့ဆံပင်ပဲဖြစ်ဖြစ် ကြာလာရင်တော့ ပျက်စီးနိုင်ပါတယ်နော်။ ဆံသားတွေကလည်း အသားအရေလိုပဲ ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဆံသားတွေဂရုစိုက်တဲ့နေရာမှာလည်း နည်းလမ်းမှန်ကန်စွာနဲ့ အဆင့်လေးလုပ်သင့်ပါတယ်။

Treatment လုပ်ပေးရန်

တစ်ပတ်ကိုတစ်ခါ Treatment ပုံမှန်လုပ်ပေးဖို့ကအရေးကြီးဆုံး ဖြစ်ပါတယ်။ Treatment ကိုဆိုင်မှာမသွားလုပ်ဖြစ်ရင်တောင် ကိုယ့်အိမ်မှာပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ် ။Treatment ဆေးရွေးချယ်တဲ့အခါမှာလည်း ကိုယ်ဆံသားအပေါ်မူတည်ပြီး ရွေးချယ်ဖို့လိုအပ်ပါတယ်။ဒါမှလည်း ဆံသားမှာလိုအပ်နေတဲ့ အားနည်းချက်တွေကို ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ် ။ Treatment ကိုတော့ အနည်းဆုံးတစ်ပတ်ကို နှစ်ခါလောက်တော့ ပြုလုပ်ပေးရပါမယ်။

ဆံသားအားဖြည့်ဆေး အသုံးပြုရန်

အားဖြည့်ဆေးကိုတော့ ခေါင်းလျှော်ပြီးတဲ့ အချိန် ဆံပင်ကမခြောက်တခြောက် အခြေအနေမျိုးမှာ အသုံးပြုပေးရပါမယ်။ အားဖြည့်ဆေးကို လိမ်းတဲ့အခါမှာ ဦးရေးပြားကနေစပြီးလိမ်းတာမျိုးမဟုတ်ပဲ ဆံပင်အဖျားလေးတွေကနေစပြီး လိမ်းပေးရပါမယ်။ လက်မှာကျန်နေတဲ့ အားဖြည့်ဆေး ကိုတော့ဦးရေးပြားကိုနှိပ်ပေးလို့ရပါတယ်။ ဆံသားအဖျားနှစ်ခွဖြစ်တာတွေ ကိုလည်းတဖြည်းဖြည်းကောင်းမွန်လာပြီး ဆံပင်အားလည်းကောင်းစေပါတယ်။

Conditioner မဖြစ်မနေသုံးပေးရန်

တစ်ချို့ကောင်မလေးတွေက ဆံပင်တွေပျက်စီးနေရင်တောင် အဖျားနှစ်ခွဖြစ်နေတာတွေကိုလည်း မညှပ်အဲ့လိုဆိုရင်တော့ ဆံပင်ပျက်စီးတာက ပိုပြီးသိသွားစေနိုင်ပါတယ်။ အဲ့ကြောင့် ခေါင်းလျှော်ပြီးတိိုင်းလည်း Conditioner ပုံမှန်သုံးပေးဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ Hair Conditioner ရွေးချယ်တဲ့အခါမှာလည်း ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ Conditioner မျိုးဖြစ်ဖို့လိုအပ်ပါတယ်။ဆံသားပျက်စီးတယ်ဆိုကတည်းက ရေဓာတ်ခမ်းခြောက်ပြီးတော့ ဆဲလ်လေးတွေက အလုပ်မလုပ်ပေးနိုင်လို့ပဲဖြစ်ပါတယ်။
Photo Source – Free.pik