အသက်အရွယ်တစ်ခုရောက်လာပြီဆိုရင် အလှအပကငါတို့နဲ့မဆိုင်တော့ဘူး အပြင်တွေလည်းမထွက်ဖြစ်ဘူးဆိုတော့ အရမ်းဂရုမစိုက်ဖြစ်တော့ဘူးလား။ အသားအရေဆိုတာက ဂရုစိုက်နိုင်ရင်ဂရုစိုက်နိုင်သလောက် ပိုပြီးတော့ လှလာမယ် ပိုပြီးတော့ကြည်လာမယ်ဆိုတဲ့ အရာမျိုးဖြစ်တဲ့အတွက် Anti- Aging  ဖြစ်တာကိုလျော့နည်းအောင်လည်း ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာတော့ အသားအရေကိုဂရုမစိုက်ပဲနဲ့ နေချင်သလိုနေတယ်  နေရောင်ခြည်ထဲသွားရင်လည်း အကာအကွယ်မပါပဲနဲ့သွားတယ်ဆိုရင်တော့ အသက်၃၀ကျော်လာတာနဲ့ အိုမင်းရင့်ရော်မှုက ပိုပြီးမြန်ဆန်စေပါတယ်။

ဒီလိုမျိုး မဖြစ်စေအောင် အသားအရေကိုပုံမှန်လေးဂရုစိုက်ပေးသင့်ပြီး Skin Care အဆင့်အများကြီးလုပ်စရာမလိုပဲနဲ့  ပြုလုပ်လို့ရတဲ့နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

Toner 

Toner ကိုတော့မျက်နှာသစ်ပြီးတဲ့အချိန်မှာ အသုံးပြုပေးရပါမယ်။ Toner က PH Levels မြင့်တဲ့သန့်စင်ရည်ဖြစ်တဲ့အတွက် မျက်နှာအသားအရေ PH levels ကိုထိန်းပေးဖို့အတွက်လိုအပ်ပါတယ်။တကယ်လို့ ကိုယ်သုံးတဲ့ Cleanser က PH levels မြင့်တယ်ဆိုရင်တော့ Toner မသုံးချင်လည်း ရပါတယ်နော်။ Toner သုံးတဲ့အခါမှာလည်း မျက်နှာကိုလက်နဲ့ပွတ်တိုက်တာမျိုး မဟုတ်ပဲနဲ့  Toner ဂွမ်းလေးနဲ့အသုံးပြုပေးဖို့လိုအပ်ပါတယ်။

Moisturizer 

Moisturizer ကတော့ မဖြစ်မနေလိမ်းပေးသင့်တဲ့ အဆင့်ထဲမှာပါဝင်ပါတယ်။ Moisturizer ကအရေပြားရဲ့ ကော်လာဂျင်လည်းတိုးစေနိုင်တဲ့အပြင်အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ဇီဝဓာတ်ကိုလည်း ဆန့်ကျင်ပေးနိုင်ပါတယ်။ နောက်တစ်ခုက ရေဓာတ်လည်းဖြည့်တင်းပေးနိုင်တဲ့အတွက် အသားအရေခြောက်တဲ့သူတွေအတွက်ဆိုရင်တော့ ပုံမှန်လေးလိမ်းပေးဖို့လိုအပ်ပါတယ်။

Sunscreen  Sunscreen ကိုတော့ မဖြစ်မနေမဖြစ်မနေလိမ်းဖို့ အကြံပေးချင်ပါတယ်။ အသက်ကြီးတဲ့သူပဲဖြစ်ဖြစ် အသက်ငယ်တဲ့သူပဲဖြစ်ဖြစ် အပြင်မထွက်ခင်မှာ Sunscreen ကိုလိမ်းပေးဖို့လိုအပ်ပါတယ်။ Sunscreen ကို SPF များတာကိုလိမ်းရတာကို မကြိုက်ဘူးဆိုရင်တော့ အနည်းဆုံး SPF 30 လောက်ပါတဲ့ဟာမျိုးကို ရွေးချယ်ပြီး လိမ်းစေချင်ပါတယ်။ UV Rays ကလည်းအသားအရေကိုပျက်စီးစေတဲ့ အကြောင်းအရင်းတွေဖြစ်တဲ့အတွက် Sunscreen လိမ်းဖို့တော့ မမေ့ပါနဲ့နော်။

Photo Source – Free.pik