သင့်မွေးနေ့ရောက်တဲ့အချိန် Birthday Cake လေးနဲ့ ဓာတ်ပုံလှလှလေး ရိုက်ဖူးမှာပါ။ မွေးနေ့မှာ ဓာတ်ပုံရိုက်ရတာက အမှတ်တရတစ်ခုပါပဲ။ နောင်နှစ် မွေးနေ့ရောက်တဲ့အခါ အရင် ရိုက်ခဲ့ဖူးတဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်နိုင်ပါတယ်။ သင်က ကိတ်နဲ့ ဓာတ်ပုံရိုက်တဲ့အချိန် ကိတ်ကို သင့်ရှေ့မှာ ကိုင်ထားပြီး ခေါင်းလေး စောင်းကာ ပို့စ်ပေးနေကျ ကောင်မလေးမျိုးလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာကို သင်ဆက်ဖတ်သင့်ပါပြီ။ မွေးနေ့ကိတ်ကို ကိုယ့်ရှေ့မှာ ကိုင်ထားကာ ခေါင်းစောင်းနေတဲ့ပို့စ်က တကယ်တော့ ရိုးအီနေပြီ ဖြစ်တဲ့ ပို့စ်ပေးနည်းလို့ ပြောလို့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ Birthday Cake နဲ့တူတူ ဘယ်လိုပုံစံပြောင်းပြီး ပို့စ်ပေးနိုင်မလဲ ဖော်ပြလိုက်ပါတယ်။

၁။ နောက်ကနေ ဓာတ်ပုံရိုက်ပါ

မွေးနေ့ကိတ်ကို ခုံလှလှလေးပေါ်မှာ တင်ကာ သင့်ကင်မရာမန်းကို သင့်နောက်မှာ နေခိုင်းရပါမယ်။ သင့် နောက်ကြောကို ကိတ်မုန့်နဲ့ အတူ ဓာတ်ပုံရိုက်ပေးရမှာပါ။ သင်က ဘေးဘက်ကို စောင်းကြည့်နေတဲ့ပုံစံလေး ဆိုရင် ပိုလှပါတယ်။

၂။ စားပွဲပေါ်မှာ မှောက်အိပ်လိုက်ပါ

ကိတ်မုန့်ကို သင့်ဘေးမှာ ထားကာ သင်က စားပွဲပေါ်မှာ ဘေးတစ်စောင်း မှောက်အိပ်တဲ့ ပို့စ်ကလည်း သင့်အတွက် ထူးခြားစေမှာပါ။

၃။ ဆုတောင်းနေတဲ့ပုံစံ

လက်နှစ်ဖက် ချိတ်ပြီး ဆုတောင်းနေတဲ့ပုံစံလေးကလည်း သင့်ကို ပိုချစ်စရာကောင်းစေပါတယ်။ မျက်လုံးလေးကို မှိတ်ပြီး တကယ် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဆုတောင်းနေနိုင်ပါတယ်။

၄။ ကိတ်မုန့်ကို ကိုင်ထားပြီး မေးမော့ထားပါ

မေးစေ့ကို ပင့်ပြီး မော့ထားကာ ကိတ်မုန့်ကို ကိုင်ထားပြီး ဘေးတစ်စောင်းလေး နေကြည့်နိုင်ပါတယ်။ သင်က ပုံထဲကလို ကဗျာဆန်ဆန် မျက်လုံးလေး မှိတ်ပြး နေနိုင်ပါသေးတယ်။

Photo Source: Pinterest

By MyStyle Myanmar