ကြောင်ချစ်သူလေးတွေဆိုရင်တော့ ကြောင်လေးနဲ့ဓာတ်ပုံရိုက်ချင်ကြမှာပဲ။ ဒါကြောင့် ကြောင်ချစ်သူလေးပဲဖြစ်ဖြစ်၊ ကိုယ့်မှာကြောင်လေးရှိရင်ပဲဖြစ်ဖြစ် အရမ်းချစ်စရာကောင်းတဲ့ပုံလေးတွေ ရိုက်လို့ရအောင် မျှဝေပေးလိုက်တယ်နော်။

ကြောင်လေးနဲ့ ဒီလိုနောက်ကျောပေးရိုက်တဲ့ပုံလေးကတော့ အရမ်းလှပြီး ချစ်စရာလည်းကောင်းတယ်။ ဆံပင်ရှည်ရှည်ကောင်မလေးတွေဆို ဒီလိုလေးရိုက်ဖြစ်အောင်ရိုက်နော်။

ဘာပို့စ်မှသိပ်မပေးတတ်ရင်လည်း မပူနဲ့။ ကြောင်လေးကိုချီပြီး ရယ်နေလိုက်ရုံပဲ။

ကြောင်လေးနဲ့ ဒီလိုပဲ မျက်နှာအနီးကပ်လေးရိုက်တာကတော့ အရမ်းမိုက်ပါတယ်။

ကြောင်လေးကိုချီပြီး ဒီလိုလေးလည်းရိုက်ကြည့်နော်။ အရမ်းချစ်စရာကောင်းတဲ့ပုံလေးထွက်လာမှာ သေချာတယ်။

ကြောင်လေးနဲ့လည်း Mirror Selfie ဆွဲလို့ရသေးတယ်နော်။ သူ့လိုလေး ပခုံးပေါ်တင်ထားလိုက်၊ ကိုယ့်ကလေးလေးက ငြိမ်နေဖို့တော့လိုတာပေါ့။

ကြောင်လေးကိုချီပြီး ကြည့်နေတဲ့ပုံလေးလည်း ရိုက်လို့ရသေးတယ်နော်။

တူတူအကြည့်ချင်းဆုံးကြတဲ့ပုံလေးလည်း ရိုက်ကြည့်ဦးနော်။

ကြောင်လေးနဲ့ အနီးကပ်ရိုက်တာပေါ့။ ဘာပို့စ်မှမပေးတတ်တဲ့သူတွေအတွက် အဆင်ပြေဆုံးပုံပဲနော်။

ကော်ဖီသောက်နေတဲ့ပုံလေးကိုလည်း ကိုယ့်ကြောင်လေးနဲ့ ရိုက်ကြည့်နော်။ ကြောင်ချစ်သူလေးတွေဆို ဒီပုံလေးလည်း ကြိုက်ကြမှာပဲ။

နောက်ဆုံး Bonus အနေနဲ့ Couple လေးတွေအတွက် ကြောင်လေးနဲ့ပါ တွဲရိုက်လို့ရမယ့်ပုံလေး ထည့်ပေးလိုက်တယ်နော်။

Photo Source: www.pinterest.com