Social Media ပေါ်မှာဓာတ်ပုံလှလှလေးတွေ တင်ရတာကြိုက်တဲ့သူတစ်ယောက်လား ။ ကိုယ့်ရဲ့စတိုင်လေးကလည်း နူးနူးညံ့ညံ့လေးနဲ့ကိုရီးယားမလေးတွေရဲ့ ပုံစံမျိုး ဖြစ်နေလား ။ အိမ်မှာနေတဲ့အချိန် ဓာတ်ပုံလှလှလေးတွေ ဖန်တီးရတာကလည်း တစ်ယောက်တည်းရှိတဲ့အချိန်ဆို နည်းနည်းလေးတော့အခက်တွေတာပေါ့။ ချစ်စရာကောင်းပြီး ကိုယ့်ရဲ့Selfie လေးကိုကြည့်လိုက်တာနဲ့ အသဲယားစရာကောင်းပြီး ချစ်စရာကောင်းနေအောင် လျှို့ဝှက်ချက်နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။
Selfie ရိုက်တဲ့အခါမှာ အလှပြင်ဖို့လည်းမမေ့နဲ့နော်။ အများကြီးမပြင်ချင်ရင်တောင် မျက်ခုံးမွှေးလေးဆွဲပြီး နှုတ်ခမ်းနီလေးသာဆိုးလိုက်ပါနော်။
Effect လှလှလေးတွေသုံးပါ။ Instagram ပေါ်မှာလည်း Effect လေးတွေမျိုးစုံပေါ်ထွက်နေပါပြီ။ ချစ်စရာကောင်းတဲ့ ပုံလေးတစ်ပုံထွက်ဖို့ဆိုရင် Effect သုံးတတ်ဖို့လည်း အရမ်းအရေးကြီးတယ်နော်။
Pose ကိုသေချာလေ့လာပြီး လုပ်ကြည့်ပါ။ ကိုရီးယားမလေးတွေက Poseပေးရင် အရမ်းကိုအသဲယားစရာကောင်းအောင် ပေးတတ်တယ်နော်။ ကိုယ့်ဆီမှာ ကြောင်လေးတွေ၊ခွေးလေးတွေ ရှိရင်လည်း သူတို့လေးတွေနဲ့ အပေးအယူမျှတဲ့ Pose လေးလုပ်ကြည့်သင့်တယ်နော်။
အဝတ်အစားရွေးချယ်မှုကို သေချာလုပ်ပါ။ အမိုက်အစားဓာတ်ပုံရိုက်ဖို့အတွက် အဝတ်အစားကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ကိုယ့်ရဲ့ Mood နဲ့ကိုက်ညီတဲ့ Fashion ဖြစ်ဖို့လည်းလိုတယ်နော်။ ဒါမှလည်း ဓာတ်ပုံကအသက်ဝင်မှာ ဖြစ်ပါတယ်။