သင်က သင့်ချစ်သူနဲ့ အတူတူမရှိနိုင်တဲ့အခါ ဒါမှမဟုတ် တစ်နေရာဆီဖြစ်နေတာကြောင့်ပဲဖြစ်ဖြစ် ဒီလိုဝေးကွာနေရတဲ့အချစ်ရေးက LDRS ပါပဲ။ LDRS ဘဝမှာ အထီးကျန်တာမျိုး၊ လမ်းခွဲရတာမျိုးတွေမဖြစ်ဖို့ ဒီအချက်တွေကို သိထားဖို့လိုပါတယ်။

၁။ LDRS ဘဝမှာဖြစ်လာမယ့်ပြဿနာတွေကိုကြိုတွေးထားပါ

သူနဲ့ဝေးတဲ့အချိန် ဘယ်လိုပြဿနာတွေဖြစ်လာမယ်၊ ဘယ်လိုတွေ နေရမယ်၊ ကိုယ့်အနေနဲ့ ဘယ်လိုနေသင့်တယ် စသဖြင့် ကြိုတွေးထားသင့်ပါတယ်။

၂။ ယုံကြည်မှု

LDRS တွေအတွက် တယောက်နဲ့ တယောက် ယုံကြည်မှုရှိဖို့ကလည်း အင်မတန်မှ အရေးကြီးပါတယ်။ အချင်းချင်းမယုံရင်တော့ ဒီအချစ်ရေးက ရေရှည်မှာ မတည်မြဲနိုင်ပါဘူး။ ယုံကြည်ခံရဖို့လည်း ကိုယ့်ဘက်က အမှန်တကယ် ဆင်ဆင်ခြင်ခြင်နေသင့်ပါတယ်။

၃။ ဆက်သွယ်ပါ

ဘယ်လောက်ထိပဲအလုပ်များပါစေ သူနဲ့ တစ်နေ့မှာ တစ်နာရီလောက်တော့အချိန်ပေးသင့်ပါတယ်။ မနက်ပိုင်းမှာ Morning Message.. သူ့ကို ဘယ်လောက်ထိလွမ်းကြောင်း၊ ဘာတွေလုပ်နေလဲစသဖြင့် ဆက်သွယ်သင့်ပါတယ်။

၄။ အပြန်အလှန်နားလည်မှု

 

ချစ်သူတွေကြား ပွင့်လင်းမှုနဲ့ အပြန်အလှန်နားလည်မှုကို လိုအပ်ပါတယ်။ LDRS တွေမှာ ပိုလိုအပ်ပါသေးတယ်။ ကိုယ့်အနေနဲ့ မကြိုက်တဲ့အချက်တွေ၊ သူ့ဘက်က ဖြစ်စေချက်တဲ့အချက်တွေကို တိုင်ပင်ပြီး အပြန်အလှန်နားလည်ပေးသင့်ပါတယ်။

၅။ LDRS ဘဝဆိုတာ တစ်ချိန်ချိန်ပြီးသွားမှာပါ

လက်ရှိမှာသူနဲ့ အတူမရှိနိုင်လို့ အထီးကျန်နေတယ်ဆိုရင် အားမငယ်ပါနဲ့။ ဒီလို LDRS ဘဝက တစ်သက်လုံး ဖြစ်သွားမှာမဟုတ်ပါဘူး။ အနာဂတ်ကောင်းဖို့ အခု အနစ်နာခံထားတာဆိုတဲ့စိတ်မျိုး ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar