အသည်းကွဲပြီး ဘာမှလုပ်ချင်စိတ်မရှိတဲ့ သူငယ်ချင်းကို မြင်နေရတာ သင့်စိတ်ထဲ အားမလို အားမရ ဖြစ်နိုင်သလို သင့်ကိုယ်တိုင်ပါ စိတ်မချမ်းသာ ဖြစ်ရတတ်ပါတယ်။ အသည်းကွဲတဲ့ကိစ္စကြောင့် ဘာမှမလုပ်နိုင်တဲ့ သူငယ်ချင်းတွေရှိရင် သင်က အောက်ဖော်ပြပါ အချက်တွေကို သိထားသင့်ပါတယ်။ ဒီတော့ အသည်းကွဲနေတဲ့ သူငယ်ချင်းကို သက်သာအောင် ဘယ်လို အားပေးနိုင်မလဲ ကြည့်လိုက်ရအောင်-

၁။ သင့်နေရာကနေ တွေးကြည့်ပါ

သင်သာ အသည်းကွဲနေခဲ့ရင် ဘာလုပ်ချင်မလဲ တွေးကြည့်သင့်ပါတယ်။ သူ့နေရာမှာ ဝင်ခံစားကြည့်ပြီး ဒီလိုအချိန်မှာ ဘာလုပ်ဖြစ်မလဲ စဉ်းစားသင့်ပါတယ်။ သင်ဝင်ခံစားကြည့့်ပြီး လုပ်ချင်တဲ့ အရာတွေကို သင့်သူငယ်ချင်းကို အကြံပေးသင့်ပါတယ်။

၂။ သူဘာလုပ်ချင်လဲ မေးပါ

တစ်ခါတလေ သင်လုပ်ချင်တယ်လို့ တွေးမိတဲ့ အရာတွေက သူမလုပ်ချင်တာ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သူအခု ဘာလုပ်ချင်လဲ မေးသင့်ပါတယ်။ အသည်းကွဲတာ သက်သာအောင် ဘာစားချင်လဲ၊ ဘာလုပ်ချင်လဲ မေးပေးသင့်ပါတယ်။ သူနဲ့ ဒီအရာတွေကို အတူတူ လုပ်ပေးသင့်ပါတယ်။

၃။ သူ့ကို နေရာပေးပါ

တချို့လူတွေက စိတ်ညစ်အားငယ်နေတဲ့အခါ ဘယ်သူနဲ့မှ မတွေ့ချင်ဘဲ တစ်ယောက်တည်း နေချင်ကြပါတယ်။ သူ့ကို အသည်းကွဲအားငယ်နေတဲ့အချိန် တစ်ယောက်တည်း နေချင်လား သင့်အနေနဲ့ အကဲခတ်သင့်ပါတယ်။ သူ့ကို ငိုဖို့ အချိန် သပ်သပ် ပေးသင့်ပါတယ်။

၄။ နားထောင်ပါ

သင့်သူငယ်ချင်း စိတ်ညစ်နေတဲ့အခါ သူပြောသမျှကို သင်က နားထောင်ရုံပဲ နားထောင်သင့်ပါတယ်။ သူ့ကို အပြစ်တင်တာမျိုး၊ ဆရာဝင်လုပ်တာမျိုး ရှောင်သင့်ပါတယ်။ ဥပမာ- ဘာမှမဟုတ်တဲ့ကိစ္စနဲ့ စိတ်မညစ်နေစမ်းနဲ့ ဆိုတဲ့ စကားတွေကို မပြောသင့်ပါဘူး။

၅။ ဘဝရဲ့ ရသ အကြောင်းပြောပါ

သူနဲ့ အပြင်သွားပြီး စိတ်ပြေလက်ပျောက် လုပ်ချင်တာလုပ်မယ်လို့ ပြောမယ့်အစား အသည်းကွဲနေတဲ့ သူငယ်ချင်းကို တစ်ခုခု လုပ်လိုက်တာက ဘယ်လောက် အဓိပ္ပာယ်ရှိကြောင်း၊ ဘယ်မုန့်က ဘယ်လို အရသာ ကောင်းကြောင်း သူ့ခေါင်းထဲ ဒီဘဝရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို ခေါင်းထဲ မြင်အောင် ပြောပြသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar