Short Jean Pants လေးတွေက ဝတ်ရတဲ့လည်းပေါ့ပေါ့ပါးပါး ဖြစ်ပြီးစတိုင်လည်းကျတဲ့ဘောင်းဘီတိုလေးတွေ ဖြစ်ပါတယ်။ အရပ်ပုတဲ့ကောင်မလေးတွေဆိုရင် ဒီလိုမျိုးဘောင်းဘီတိုလေးတွေက ပိုပြီးချစ်စရာကောင်းပြီး ခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုပြီးပေါ်စေပါတယ်။ ဘောင်းဘီတိုလေးတွေ ဝတ်တဲ့အခါမှာ လူကြီးတွေအမြင်မရိုင်းအောင် အိမ်ကအမေမဆူအောင်လည်း အရေးကြီးပါတယ်။ မြန်မာမိဘတွေက ဘောင်းဘီတိုတွေ ဝတ်ရင်ဘာဖြစ်တယ် ညာဖြစ်တယ်စသည်ဖြင့် ပြောချင်ကြပါတယ်။
ကဲ..ဒီတော့ လူကြီးတွေရဲ့ အမြင်ကိုပြောင်းလဲပေးလိုက်ပြီး ကိုယ့်စတိုင်လေးလည်း ချစ်စရာကောင်းနေပြီး ဘယ်လိုဝတ်ဆင်လို့ရမလဲ။
White- Shirt

White Shirt လေးတွေက ကြည့်ရတာလည်းတောက်ပြောင်နေသလို အဖြူရောင်ဆိုတော့ ခပ်မိုက်မိုက်ပုံစံလေးလည်းရှိပါတယ်။ဒီလိုမျိုး Shirt လေးတွေကို ဘောင်းဘီတိုလေးထဲထည့်ပြီး ဝတ်ကြည့်ရင်လည်း အထာကျပါတယ်။ White Shirt နဲ့ Jean Pants တွေကတော့ ဘယ်ရာသီမဆိုလိုက်ဖက်ပါတယ်။ သူငယ်ချင်းတွေနဲ့ Hangout လုပ်တာပဲဖြစ်ဖြစ်၊ Picnic ထွက်တာပဲဖြစ်ဖြစ် ဝတ်သွားရင်လည်း အမြင်လည်းမရိုင်ပါဘူးနော်။
Turtle Neck

လည်ပင်းရှည်တဲ့ကောင်မလေးတွေအတွက်ဆို Turtle Neck ပုံစံရှိတဲ့လည်ပင်းအပိတ်အင်္ကျီလေးနဲ့လည်းလိုက်ဖက်ပါတယ်။အင်္ကျီကဗြောင်ဖြစ်ရင်တော့ အောက်ကစင်းကြောင်း Short Pants လေးတွေနဲ့တွဲဝတ်လို့ရပါတယ်။ ဒီပုံစံလေးက အမြင်လည်းမရိုင်းသလို မမလို့အထင်ခံရမဲ့ပုံစံမျိုးလေးဖြစ်ပါတယ်။
T – Shirt အပွ

မိန်းကလေးအရမ်းမဆန်ပဲနဲ့ ကိုယ်ပုံစံလေးက ချစ်စရာလေးတဲ့ပုံစံလေးလည်း ဖြစ်စေပါတယ်။ ကိုယ်ကT -Shirt အပွကြီးတွေ ဝတ်လေ့ဝတ်ထမရှိဘူး ဆိုလျှင်လည်း ကိုယ်ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့ T-Shirt မျိုးလေးတွေနဲ့ဝတ်ဆင်လို့ရပါတယ်။ ဒီလိုပုံစံက လူကြီးတွေအတွက် အမြင်မရိုင်းစေတဲ့အပြင် နင်ဝတ်ထားတာလေးက ချစ်စရာလေးဆိုပြီး ဖြစ်သွားစေမှာပါ။
Photo Source – Free.pik