မင်္ဂလာပါ။ မိန်းကလေးတော်တော်များများ စကပ်လေးတွေနဲ့ လိုက်ဖက်ကြသလို စကပ်ဝတ်ထားရင် ပိုပြီး မိန်းမဆန်တဲ့အလှမျိုး ရကြပါတယ်။ ဒါ့အပြင် ဘောင်းဘီနဲ့ယှဉ်ရင် စကပ်ဝတ်တာက ပေ့ါပေါ့ပါးပါးရှိပြီး အသားလည်းအေးတာမို့ အခုလို နေ့ခင်းပူတဲ့အချိန်တွေအတွက် ကွက်တိပါပဲ။ စကပ်စတိုင်အမျိုးမျိုးထဲက ဘေးအကွဲ ဒူးဖုံးစကပ်လေးတွေက ခေတ်ဆန်ပြီး ထသွားထလာရော ပွဲသွားပွဲလာအတွက်ပါ အဆင်ပြေတဲ့ စကပ်ပုံစံလေးတွေပါ။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ စကပ်ဘေးကွဲတွေနဲ့ တွဲဖက်ပြီး အမိုက်စား Outfit လေးရအောင် ဝတ်ဆင်နည်းအိုင်ဒီယာတွေကို ဖော်ပြပေးလိုက်ပါတယ်။ လူငယ်ဆန်သလို ဆွဲဆောင်မှုရှိစေမယ့် ဖက်ရှင်လေးတွေဖြစ်တာမို့ စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

၁။ Tank Top ချိုင်းပြတ်အင်္ကျီ အကျပ်လေးတွေနဲ့ တွဲဝတ်မယ်

ဒီလို Floral စကပ်အကွဲအပါးလေးတွေနဲ့ Tank Top လေးတွဲဝတ်တာက နိုင်ငံခြားသူတွေ ဝတ်လေ့ရှိတဲ့ ဖက်ရှင်မျိုးဖြစ်ပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အရမ်းလှပါတယ်။

၂။ ဆွယ်တာလေးနဲ့တွဲဝတ်မယ်

ဘေးအကွဲစကပ်တွေက ဆွယ်တာအပေါ်ထပ်လေးတွေနဲ့လည်း အရမ်းလိုက်ပါတယ်။ ဆွယ်တာအမဲလေးတစ်ထည်ရှိရုံနဲ့ စကပ်အရောင်တိုင်းနဲ့လိုက်အောင် ဝတ်နိုင်ပါတယ်။

၃။ လက်ဖောင်း Crop Top လေးနဲ့တွဲဝတ်မယ်

လက်ဖောင်းအင်္ကျီ ခါးတိုလေးတွေကလည်း စကပ်အကွဲတွေနဲ့အရမ်းလိုက်ပါတယ်။ သင့်ကို ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးရစေမှာပါ။

၄။ ကြိုးတစ်လုံးအင်္ကျီ အကျပ်လေးနဲ့ဝတ်မယ်

ကြိုးတစ်လုံးအင်္ကျီအကျပ်လေးတွေက ပေါင်လည်လောက်ထိခွဲထားတဲ့ စကပ်အကွဲလေးတွေနဲ့ အရမ်းလိုက်ပါတယ်။ သင့်ကိုဆွဲဆောင်မှုအပြည့်ရှိစေမှာပါ။

၅။ Dress ပုံစံ အပေါ်အောက်ဝမ်းဆက်ဝတ်မယ်

အရောင်စပ်စရာမလိုအောင် အပေါ်အောက်တစ်ရောင်ထဲ ဝမ်းဆက်ဝတ်တာကလည်း Dress လေးလိုဖြစ်ပြီး အရမ်းလှပါတယ်။ ကမ်းခြေသွားရင်းဝတ်လို့လှစေမယ့် စတိုင်လေးဖြစ်ပြီး ဓာတ်ပုံထဲမှာလည်း အမိုက်စားဖက်ရှင်လေးရစေမှာပါ။

၆။ ရှပ်အင်္ကျီခါးစည်းပြီး ဝတ်မယ်

ပုံစံမရိုးရအောင် ရှပ်အင်္ကျီအရှည်ကို ခါးစည်းပြီး စကပ်အကွဲလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ အရမ်းစတိုင်ကျပါတယ်။

၇။ ဖဲသားအင်္ကျီလက်ရှည်လေးတွေနဲ့ဝတ်မယ်

ဖဲသားအင်္ကျီလက်ရှည်တွေက စကပ်အကွဲတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ သင့်ကိုဆွဲဆောင်မှုရှိပြီး စမတ်ကျတဲ့ ပွဲတက်ဖက်ရှင်မျိုး ရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar